Part 17(Uni+ Zaw)

20.5K 1.7K 37
                                    

Arr Ah Daddy
Part 17(Uni)


ရီလျှို့ တစ်ယောက် ညနေ ၅နာရီခွဲတော့ အခန်းထဲက ထွက်လာလေသည်။ ထွက်လာတာနဲ့ မီးဖိုချောင်ထဲ လှုပ်လီလှုပ်လဲ့နဲ့ အေပရွန်ဝတ်ကာ ကျောခိုင်းနေသော ရှောင်ကျန့်ကို တွေ့လိုက်ရလေသည်။ ဒေါ်ကြီးမိုးကိုတော့ မတွေ့ပေ။ ရီလျှို့ မီးဖိုချောင်ထဲ ဝင်သွားပြီး ရှောင်ကျန့်စီ တစ်လှမ်းချင်းသွားလိုက်သည်။

"ပါးပါး"

"အင်းပြော"

"ဒေါ်ကြီးမိုး ဘယ်ရောက်သွားလို့ ပါးပါးကိုယ်တိုင်ချက်နေတာလဲ"

"ရှိတယ် မင်းအဖေကို ချက်ကျွေးချင်လို့ ဒေါ်ကြီးမိုးကို နားခိုင်းလိုက်တာ"

"အော်"

ရှောင်ကျန့်က စကားကိုတော့ ကုန်အောင်မပြောလိုက်ပေ။ ဒေါ်ကြီးမိုးက ပြောရတာ လက်ပေါက်ခတ်ကြောင်း ။ ဝမ်ရီပေါ်က သူမချက်တာကိုသာ စားကြောင်း ပြောသွားသည်။ ရှောင်ကျန့်ပြောလိုက်မှ မသွားချင်သွားချင်နဲ့ စိတ်စိုးပြီး သူ့အခန်းထဲ သူဝင်သွားတာ ဖြစ်တယ်။ ရီလျှို့ကို ဒီအကြောင်းတွေတော့ ပြောပြဖို့ မလိုဟု ထင်လို့ မပြောပြတော့ချေ။

"ကျွန်တော် အပြင်သွားမလို့ အဲ့မှာ ညစာပါ တခါထဲ စားလာမှာ"

"အင်း"

အင်း တစ်လုံးဘဲ ပြန်ဖြေကာ သူ(xz)လုပ်စရာရှိတာတွေ ဆက်လုပ်နေလို့ ရီလျှို့ စိတ်တိုသွားတယ်။ သူ(xz)ကိုယ်တိုင် ချက်ကျွေးမှာကို သူ့အဖေ စားရမှာကိုလဲ မကျေနပ်ပေ။ မနာလိုခြင်းလား မသိပေမဲ့ ကိုယ်ထားခဲ့တဲ့သူဘဲ သူဘာလုပ်လုပ် ကိုယ်နဲ့မဆိုင်ပေမဲ့ အမြဲ စိတ်ထဲ နေရာယူထားတာတော့ မဟုတ်ဘူးလေ။

ရီလျှို့ ထွက်သွားခြင်းက ရွယ်ယိ့နှင့် သွား date ဖို့ ဖြစ်တယ်။ ရွယ်ယိ့ ဒီအတောအတွင်း ငြိမ်နေသည်က တခြား မဟုတ်။ ရှောင်ကျန့်ကို လုပ်ကြံသည့်ကိစ္စကို ရီပေါ်က လိုက်နေသောကြောင့် ရွယ်ယိ့ အဲ့လူတွေကို ငွေပေးကာ အခြားနယ်ဘက်ကို ရွေ့ခိုင်းနေခြင်းဖြစ်တယ်။

ရှောင်ကျန့် ၆နာရီ ထိုးတော့ အေပရွန်လေး ချွတ်ကာ တံခါးဝတွင် သူ့ daddy ကို သွားစောင့်လေသည်။

Arr Ah Daddy (Complete)Where stories live. Discover now