Part 26(Uni +Zaw)

17.7K 1.5K 59
                                    

Arr Ah Daddy
Part 26(Uni)


ဘတ်စ်ကားပေါ်တွင် လက်ချင်းယှက်တွယ်၍ အများအမြင်ကို ဂရုမစိုက်သော အကြင်သူ နှစ်ဦး ရှိသတဲ့။ ရှောင်ကျန့်က မှန်ဘေးတွင်ထိုင်၍ ရီပေါ်ကတော့ သူ့ဘေးတွင်ထိုင်သည်။ ရီပေါ့် ပုခုံးပေါ်တွင် ရှောင်ကျန့်က ခေါင်းတင်ထားတယ်။


ဘေးမှန်ဖွင့်ထားတာကြောင့် လေတိုက်တဲ့ လွင့်နေတဲ့ ရှောင်ကျန့်ဆံပင်လေးက ရီပေါ့်နှာသီးဖျားကို ကျီစယ် နေသည်။

"အမြဲတမ်းကားမောင်းနေရတော့ ဒီလို ဘတ်စ်ကား ထိုင်စီးရတာလဲ ကောင်းသား"

"အင်း daddy လေလေး တစ်ဖြူးဖြူးနဲ့ ကျွန်တော် ဘတ်စ်ကား စီးရတာ ကြိုက်တယ်"

ရှောင်ကျန့်က ခဏရ​ပ်ပြီး ပြန်ပြောတယ်။

"ကျွန်တော် အရင်ကဆိုလေ ဘတ်စ်ကားတောင် ပုံမှန် မစီးနိုင်ဘူး သိလား"

ရီပေါ်က လှုပ်လိုက်တော့ ရှောင်ကျန့် ခေါင်းထောင်ပြီး ရီပေါ့်ကို ကြည့်လိုက်တယ်။ အကြည့်ချင်းဆုံသွားတဲ့ ခဏ ရီပေါ်က ရှောင်ကျန့် ပါးလေး ကိုင်ပြီး

"မင်းလေး အခုကစပြီး ဒုက္ခခံစရာ မရှိတော့ပါဘူး "


ရှောင်ကျန့်က ရီပေါ့် ခါးကို ဖက်လိုက်ပြီး

"ကျေးဇူးပါ daddy , daddy က ကျွန်​တော့်ရဲ့ ကံကောင်းမှုလေး"

ပတ်ဝန်းကျင်ကို မေ့လျော့နေသော လူသားနှစ်ဦးကတော့ ဘတ်စ်ကားပေါ်တွင် တီတီတာတာ တွေ ပြောနေပြီး ကားရပ်ချိန်တွင် လက်တွဲကာ ဆင်းသွားကြလေသည်။

"ရှောင်ကျန့် မင်းလေး သွားချင်တာ ကစားကွင်းလား"

"ဟုတ် တစ်ခါမှ မသွားဖူးဘူး"

"လာ သွားရအောင်"


ရီပေါ်က လူရှုပ်တဲ့ နေရာတွေ နားစူတဲ့ နေရာတွေဆို မကြိုက်ပါ။ ဒါပေမဲ့ သူကလေးနဲ့ အတူသွားရတာတော့ မတူပေ။ သူ့ကလေးပြုံးပျော်နေတာ မြင်တော့ သူလဲ ပျော်သည်။


"ဟိုမှာ daddy အရုပ်ကောက်ပေး လိုချင်တယ်"

"အင်းခဏစောင့် ကိုယ်အကြွေစေ့ သွားလဲ လိုက်မယ်"

Arr Ah Daddy (Complete)Where stories live. Discover now