Part 15(Uni +Zaw)🔞🔞🔞

30.9K 1.8K 47
                                    

Arr Ah Daddy
Part 15(Uni)🔞🔞🔞


အလင်းရောင် ပျောက်တဲ့ ညအချိန်ရောက်တော့ ဟော်တယ်ရှိ အခန်းတစ်ခန်း​တွင် ဖယောင်းတိုင်များဖြင့် အလှဆင်ထားသည်။ ကုတင်ပေါ်ရှိ မွေ့ယာ အဖြူပေါ်တွင်လဲ အနီရောင် နှင်းဆီပွင့်ဖက်တို့ဖြင့် နေရာယူထားသည်။

ဆိုဖာပေါ်တွင်တော့ အပြာနုရောင် pajamas ကို ဝတ်ထား၍ ခင်ပွန်းပြန်အလာကို စောင့်နေသူလေး ထိုင်နေလေရဲ့။ ထိုသူက ရှောင်ကျန့်ပင်။

သူတို့နှစ်ဦးရဲ့ မဂ်လာဦးညကို ထို KL ဟော်တယ် တွင်ဘဲ တည်းဖြစ်လေသည်။ ဝမ်ရီပေါ်ကတော့ အခန်းထဲကိုပင် မရောက်သေးပေ။ dinner ပွဲဆက်ပြီး ကျင်းပနေရတာဖြစ်တယ်။ ကျွန်တော့်ကိုတော့ အခန်းထဲတွင်ဘဲ နားခိုင်းခဲ့လေသည်။ ရီပေါ်က dinner တွင် သူနဲ့ လုပ်ဖော်ကိုင်ဖက် ရှယ်ရာရှင်များ ငယ်သူငယ်ချင်းနှင့် သောက်စားကြ ကာ စကားပြောနေကြခြင်းဖြစ်သည်။


ရှောင်ကျန့် ဆိုဖာပေါ်တွင် ထိုင်၍ နာရီကြည့်လိုက်တော့ ၉နာရီပင် ကျော်နေလေပြီ။ ရှောင်ကျန့် ဟိုကြည့် ဒီကြည့်နဲ့ ကုတင်ပေါ်စီ အကြည့်ရောက်သွားတော့ ရှက်သွေးဖြာကာ မျက်နှာလေး ရဲသွားရသည်။

ထိုအချိန်

ချလောက်~~~

ဆိုတဲ့ တံခါးဖွင့်သံနဲ့ အတူ အခန်းထဲကို ဝင်လာသူက ဝမ်ရီပေါ်ပင်။ ရီပေါ်က ရှောင်ကျန့်နား တစ်လှမ်းချင်း လျှောက်လာကာ ရှောင်ကျန့် မျက်နှာလေးကို ကြည့်လိုက်ပြီး

"ပွဲပြီးသွားပြီလား"

"အင်း"
"ကိုယ်ရေသွားချိုးလိုက်အုံးမယ် ပင်ပန်းရင် အိပ်နှင့် မစောင့်နဲ့"

ပြောပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်​သွားသော ရီပေါ့်ရဲ့ နောက်ကျောကို ရှောင်ကျန့် ကြည့်နေမိသည်။ သူက ဘယ်လိုလုပ် အရင်အိပ်ရမှာလဲ။ ဒီနေ့က သူတို့နှစ်ဦးရဲ့ မဂ်လာဦးည မဟုတ်လား။ လူကြီးက သူနဲ့ မပတ်သတ်ချင်လို့များလား ရှောင်ကျန့် တစ်ယောက်ထဲ အတွေးများနေသည်။

မိနစ် ၂၀ လောက်ကြာတော့ bathrobe ဝတ်ကာ ရီပေါ် ထွက်လာလေသည်။ သူရှောင်ကျန့်ကို ကြည့်လိုက်တော့ ထိုကလေးက မအိပ်သေးဘဲ ဆိုဖာပေါ်တွင် ရှိနေဆဲ။ ရီပေါ်လဲ ဘာမှ မပြောတော့ဘဲ ရေသုတ်နေတုန်း ရှောင်ကျန့်က သူ့နား လျှောက်လာပြီး

Arr Ah Daddy (Complete)Where stories live. Discover now