Part 6(Uni +Zaw)

20.8K 2.2K 49
                                    

Arr Ah Daddy
Part 6(Uni)



ရှောင်ကျန့် ခေါင်းငုံ့နေရမှ သူ့ရှေ့ရောက်လာတဲ့ ဖိနပ်အနက်ရောင်လေးကို တွေ့တာနဲ့ အပေါ်ကို ဖြေးဖြေးရှင်း မော့ကြည့်လိုက်တော့ ရင်းနှီးတဲ့ မျက်ဝန်းတစ်စုံ။ ထိုသူက ဝမ်ရီပေါ် ပါပင်။ ရှောင်ကျန့်က ဝမ်ရီပေါ် ရောက်လာတာနဲ့ သူ့ကိုယ်သူ လုံခြုံသွားသလို ခံစားရသည်။ သူ့ဘေးက လှောင်ပြောင်နေသူများကိုပင် ဥပက္ခါ ပြုထားနိုင်သည်။


ဝမ်ရီပေါ်က သူ့ကို ပြုံးယောင်သန်းနေတဲ့ မျက်နှာလေးနဲ့ ကြည့်လာတဲ့ ရှောင်ကျန့်ကို မြင်တော့ ဘေးက သူတွေကို ပိုဒေါသထွက်မိတယ်။ ထို ဖြူစင်လွန်းတဲ့ကလေးက သူ့ကို ဘာလုပ်လုပ် မျက်နှာပေါ်က အပြုံးမပျက်ပေ။

ပါတီပွဲမှ လူအပေါင်းလဲ သူတို့ကို စိုက်ကြည့်နေတဲ့ ကြောက်ဖို့ကောင်းတဲ့ အရောင်အဝါတွေ ထုတ်လွှတ်နေတဲ့ ဝမ်ရီပေါ်နဲ့ အကြည့်စုံသွားကြတော့ အသက်ပင်မရှူရဲတာကြောင့် မျက်လုံးတွေက သူတိူ့အောက်က ကြမ်းပြင်ကိုသာ အကြည့်လွှဲလိုက်ကြသည်။ ရွယ်ယိ့လဲ သူ့ကို စိုက်ကြည့်နေတဲ့ ဝမ်ရီပေါ်ကို တွေ့တာနဲ့ ကျောများပင် ချမ်းလာသည်။ ဝမ်ရီပေါ်က အမြဲ တည်ကြည်ပြီး ပြတ်သားတဲ့အပြင် လုပ်ငန်းရှင်အများစုက သူ့ကို အားကိုးနေရတာကြောင့် သူ့ကို လူတိုင်းကြောက်ကြသည်။ ထိုသူက သူတို့ကို ဘဝပျက်အောင် လုပ်ဖို့ လက်တစ်ချောင်းသာ မြှောက်လိုက်ဖို့ လိုလေသည်။


နောက်မှ ပွဲကို ရောက်လာသူကတော့ ရီလျှို့ပါပင်။ သူက သန့်စင်ခန်းခဏသွားနေတာကြောင်​့ အပြင်က အဖြစ်အပျက်တွေအားလုံးကို မသိလိုက်ပါ။ လူများဝိုင်းအုံနေရာကို ကြည့်လိုက်တော့ လူကြားထဲတွင် ကိတ်မုန့်များပေကာ လဲနေသော ရှောင်ကျန့်ကိုပါပင်။ သူတဖြေးဖြေးနဲ့ အနားသွားလိုက်တော့ ရှောင်ကျန့်ကိုယ်ပေါ်ကို အပြင် suit ချွတ်ကာ ခြုံပေးသော သူ့အဖေကို တွေ့ရလေသည်။

ရီလျှို့ ခြေထောက်များဟာ အလိုလိုပင် ရပ်တည့်သွားပြီး ခဏတာ တောင့်သွားသည်။ သူ့အဖေက ဘယ်တုန်းက လူတွေကို ဂရုစိုက်ဖူးလို့လဲ။ ပြီးတော့ ရှောင်ကျန့်နဲ့က ဘယ်လို သိကြတာလဲ။

Arr Ah Daddy (Complete)Opowieści tętniące życiem. Odkryj je teraz