Part 38(Uni+ Zaw)

16.6K 1.4K 72
                                    

Arr Ah Daddy
Part 38(Uni)


ဒီနေ့ daddy က ညနေပိုင်း အစည်းအဝေးရှိလို့ အိမ်ပြန် နောက်ကြမယ်တဲ့။ ဒီနေ့တော့ အိမ်ကို ဒရိုင်ဘာမု လိုက်ပို့ပေးတယ်။

နာရီ ကြည့်လိုက်တော့ ခြောက်နာရီခွဲနေပြီ။ ညနေစာ စားချင်စိတ် မရှိဘဲနဲ့ လမ်းထိပ်ဆိုင်က ခေါက်ဆွဲကြော်ကို အရမ်းစားချင်နေမိသည်။


ဒီအချိန် ဒေါ်ကြီးကိုလဲ မခိုင်းချင်ပါ။ ဆောင်းတွင်းကြီးမို့ အမှောင်မြန်သည်။ ဒေါ်ကြီးက မျက်လုံး မကောင်းတော့လို့ ညနေစောင်းကြီးကို အပြင်မထွက်စေချင်တာ ဖြစ်တယ်။


ရှောင်ကျန့် ဗီဒိုထဲက အနွေးထည် ထူထူ တစ်တည်ကို ကောက်စွပ်ပြီး ပိုက်ဆံအိတ်ယူကာ အပြင်ထွက်သွားလေသည်။


အောက်ထပ်ကို ရောက်တော့ ဒေါ်ကြီးက အလျင်အမြန် ရောက်လာပြီး

"သူဋေးလေး ဘယ်သွားမလို့လဲ"

"လမ်းထိပ်ကို ခေါက်ဆွဲကြော်သွားဝယ်မလို့ပါ"

"ကျွန်မ သွားပေးပါ့မယ်"

"ရတယ် ဒေါ်ကြီး ကျွန်တော့်ဘာသာဘဲ သွား ဝယ် လိုက်ပါ့မယ် "

"စိတ်မချလို့ပါ"

"သေချာ ဂရုစိုက်ပါ့မယ်ဒေါ်ကြီးရဲ့ ​ကျွန်တော်လဲ လမ်းမလျှောက်ရတာ ကြာပြီမို့လို့"

"ဟုတ် အဲ့တာဆိုလဲ သေသေချာချာလေး ဂရုစိုက်နော်"

"ဟုတ်ကဲ့ပါဗျ"


ထွက်သွားသော ကျောပြင်လေးကို ကြည့်ပြီးမှ ဒေါ်ကြီးလဲ မီးဖိုချောင်ထဲ ပြန်ဝင်သွားခေသည်။


ရှောင်ကျန့် ဗိုက်လေးပေါ် လက်လေးတင်ပြီး ပြုံးကာ လမ်းဘေးကနေ လျှောက်သွားလေသည်။


"သားလေးက ဒီချိန်ကြီး ခေါက်ဆွဲ​ကြော် စားချင်တာလား ပါးပါး ကို အလုပ်ရှုပ်အောင်လို့"

"သားလေး အဲ့လိုတွေ ဆိုးနေရင် daddy တော့ ပါးပါးတို့သားအဖဒဏ် မခံနိုင်ဘဲ ထွက်ပြေးသွားလိမ့်မယ်"

"ဟားဟား ပါးပါးကို ကန်တယ်ပေါ့လေ"


ရှောင်ကျန့်တစ်ယောက်ထဲ စကားပြောနေရင်း ဗိုက်ထဲက ကလေးလေးက ကန်လိုက်သလို လှုပ်သွားတော့ ရှောင်ကျန့် အသံလေး ထွက်ကာ သဘောတကျ ရယ်လိုက်သည်။


Arr Ah Daddy (Complete)Where stories live. Discover now