Part 25(Uni+ Zaw)

19.9K 1.5K 42
                                    

Arr Ah Daddy
Part 25(Uni)


မနက်ခင်းတွင် ချစ်ရသူရဲ့ ပွေ့ဖက်မှုနဲ့ နိုးလာရတာကတော့ တကယ့်ကို ကြည်နူးစရာ အပြည့်ဘဲ။ daddy လက်မောင်းပေါ် တစ်ညလုံး ခေါင်းတင်အိပ်ပြီး ရင်ခွင်ထဲတွင် မြှုပ်နေအောင် အဖက်ခံရ​တာကို ရှောင်ကျန့် နှစ်သက်မိတယ်။ daddy ရဲ့ ရင်ခွင်ထဲကို တိုးပြီးရင်း တိုးကား နှာခေါင်းလေးနဲ့ daddy ကိုယ်သင်းဂနံ့လေးကို ရှူနေမိတယ်။

"ကျန့်လေး ထတော့လေ"

"မထချင်သေးဘူး"

"ဟားဟား"

ရှောင်ကျန့်ရဲ့ ကလေးဆန်တဲ့ အပြုအမူတွေအတွက် ရီပေါ် ရယ်လိုက်မိသည်။ မျက်လုံးမဖွင့်ဘဲ ကိုယ့်ရဲ့ ရင်ခွင်ထဲ တိုးနေသူကိုယ်လုံးလေးက ကိုယ့်ခန္ဓာကိုယ်အတွင်းထဲကိုပင် ဝင်လုမတက်။ ရီပေါ်အရယ်ရပ်ကာ

"အဲ့တာဆိုလဲ ဆက်အိပ်လေ ကိုယ် တခြားတယောက်နဲ့ဘဲ လျှောက်လည်တော့မယ်"

ထိုအခါ ရင်ခွင်ထဲက ကလေးက သူ့ကို ဝါးစားမတက် မော့ကြည့်ကာ ဗိုက်ခေါက် ကိုလဲ လိမ်ဆွဲ လာလေသည်။ အိမ်ထောင်သက် ၃လ မှာတင် သူ့ရဲ့ ကလေးက တော်တော်လေး ပြောင်းလဲ လာလေပြီ။ အရင်ကလို သူ့ကို မရှက်တော့ပေ။ အရင်က အဝတ်အစား ချွတ်ရင် ရှက်သော်လည်း အခုတွင်ဆို သူ့အရှေ့တွင်ပင် အဝတ်လဲတတ်သည်။ အရင်ကဆို သူ့ကို တလေးတစားနဲ့ မျက်နှာကိုပင် မော်မကြည့်ရဲလောက်အောင် ရှိန်သော်လည်း အခုတော့ စကားနဲနဲမှားတာနဲ့ သူ့အား ဗိုက်ခေါက် သို့မဟုတ် ပေါင်ကို လိမ်လေသည်။


ဒါပေမဲ့ သူ့ကလေးကို သူအချစ်လျော့မသွားပေ။ တစ်နေ့ထက်တစ်နေ့ ပိုချစ်လာတာဘဲ ရှိလေသည်။ရီပေါ် ကလေးဆိုးလေးအား ကြည့်ကာ ပြုံးလိုက်သည်။

"ဘာလို ပြုံးနေတာလဲ daddy နော် တခြားတစ်ယောက်နဲ့ သွားရဲသွားကြည့် "

"သွားတော့ ဘာဖြစ်လို့လဲ ကျန့်လေး"

"ဟွန့်"


နှာတစ်ချက်မှုတ်ပြီး ခြေထောက်ဆောင့်သွားသော ကလေးက အူယားဖွယ်ရာပင်။ ရီပေါ်လဲ ကုတင်ပေါ်မှ အမြန်ဆင်းကာ ​လိုက်ချော့ရလေသည်။ သူ့ကလေး စိတ်ကောက်ရင် သူဘဲ အစာငတ်မယ် မလား((🌚))


Arr Ah Daddy (Complete)Where stories live. Discover now