Part 35(Uni+ Zaw)

17.9K 1.3K 23
                                    

Arr Ah Daddy
Part 35(Uni)



ရီလျှို့ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက အဝတ်မဲ့တဲ့ ခန္ဓာကိုယ်တစ်ခု။ သေချာကြည့်လိုက်တော့ အသား ဖြူဖြူနဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတယ်။ သူ့ရင်ခွင်ထဲလဲ ရောက်နေတယ်။


ပြန်စဉ်းစားတော့ ခေါင်းကိုက်သွားသည်မို့ နားထင်ကို လက်နဲ့ ဖိပြီး ထိုကောင်လေးကို တွန်းထုတ်လိုက်သည်။

အ့...........

အားသိပ်မပြင်းပေမဲ့ အိပ်နေတာမို့လား မသိဘူး။ ဘေးကနံရံနဲ့ တိုက်မိတော့ ညီးသံနဲ့ အတူ မျက်လုံး ပေကလက် ပေကလက်နဲ့ နိုးလာသည်။

"အကို......."

"ဘာဖြစ်ခဲ့တာလဲ"

အကိုမို့လို့ မေးရက်တယ်။ ဒီလို အခြေအနေကို မြင်နေတာတောင် ဘာကို ဦးတည်နေလဲ မသိဘူးလား။

"ညက ကျွန်တော်တို့....."

"ရပြီ မပြောနဲ့တော့ မင်းက ဒီဘားမှာ အလုပ်လုပ်တာလား"

"ဟုတ်ကဲ့"

"ငါမူးသွားလို့ အမှားလုပ်မိသွားပုံဘဲ"


အမှားတဲ့လား အကို့အတွက်က အမှားပေါ့။ ကျွန်တော့်အတွက်ကျရော ။ ပိုက်ဆံအိတ်ယူပြီး ငွေတွေ ထုတ်နေထဲက သိလိုက်ပါပြီ။ ပိုက်ဆံချမ်းသာတဲ့ သူတွေက အတူတူဘဲ။ တစ်ခုခုဆို ငွေနဲ့ ဖြေရှင်းဖို့ လုပ်တတ်ကြတာဘဲ။


"သိပ်မများပါဘူး လက်ခံလိုက်နော်"

"မယူပါရစေနဲ့"

"ဘာလို့လဲ"

"ကျွန်တော်က ဒီဘားမှာ စားပွဲထိုးအလုပ်ဘဲ လုပ်တာ ပိုက်ဆံပေးတိုင်း လိုက်အိပ်နေတဲ့အစား မဟုတ်ဘူး"


ပြောပြီး ကျင်းရန် မျက်ရည်ဝဲသွားရသည်။ မျက်လုံးကို အကြိမ်ကြိမ်ပေကလက် ပကလက် လုပ်ပြီး မျက်ရည် မကျမိအောင် ထိန်းထားရသည်။ သူများတွေအမြင်မှာ ပျော့ညံ့တဲ့ ယောကျာ်းလေး မဖြစ်ချင်ဘူးလေ။


ကျင်းရန်ကို ငယ်ငယ်လေးထဲက အဖွားက စောင့်ရှောက်ခဲ့တာဖြစ်တယ်။ အသက်၅နှစ် အရွယ်မှာ မိဘတွေက ကွာရှင်းပြီး အဖေက နောက်မိန်းမ ယူသွားတယ်။ အမေကရော ဘာထူးလို့လဲ ။ နောက်ယောကျာ်းယူပြီး ထွက်သွားတယ်။ ကျင်းရန်က အမေဘက်က အဖွားစီမှာ ကြီးပြင်းလာရတာ။ အဖွားက ကျွန်တော့်ကို အမေအစား အဖေအစား ချစ်ပေးရှာသည်။ သူများအိမ်တွင် တောက်တိုမရတွေ လုပ်ပေးပြီး ကျွန်တော့်ကို ကျောင်းထားသည်။


Arr Ah Daddy (Complete)Where stories live. Discover now