Part 33(Uni+ Zaw)

18.6K 1.4K 98
                                    

Arr Ah Daddy
Part 33(Uni)


တီ......တီ......တီ......

ဖုန်းသံနဲ့အတူ ရီပေါ် နှိုးလာခဲ့သည်။ ရင်ခွင်ထဲက လူသားလေးကို ကြည့်လိုက်တော့ အိမ်မက်ကမ္မာထဲက မထွက်သေးပုံပင်။

လက်မောင်းပေါ် ခေါင်းအုံးထားသူကို ဖြေးဖြေးလေးမကာ ခေါင်းအုံးပေါ် ရွေ့လိုက်ပြီး စားပွဲပေါ်က ဖုန်းကို ကိုင်လိုက်ပြီး အိပ်ယာက ထကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

ဆက်တဲ့သူက ဒရိုင်ဘာမုပင်။ ထိုသူက ရီပေါ့်ရဲ့ အတွင်းရေးမှူးလဲ ဖြစ်သေးသည်။

"အင်းပြော"

"ဘော့စ် အွန်လိုင်းပေါ်မှာ ပြသနာ တစ်ခုဖြစ်နေပါတယ်။ အဲ့တာက......အဲ"

"ဆက်ပြော"

"ရှောင်ကျန့်နဲ့ ဘော့စ်ရဲ့သားနဲ့ ဓာတ်ပုံတွေ တက်လာတာ သားကို ချိန်ပြီး မရလို့ အဖေကို ယူသွားတယ် ဆိုပြီး negative comment တွေ အများကြီးက ရှောင်ကျန့်တစ်ယောက်ထဲကိုဘဲ ဦးတည်ပြီး အပြစ်ပြောနေကြတယ်"

"အဟက် မထိသင့်သူကို လာထိနေတာဘဲ ဘယ်သတင်းတိုက်က စတာလဲ ဆိုတာ နာရီဝက် အတွင်း သိချင်တယ်."

"ဟုတ်.....ဟုတ်ကဲ့ပါဘော့စ်"


သူတို့ဘော့စ်ရဲ့ ပုံစံက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုရင် ဖုန်းထဲက လေသံကြားတဲ့သူတောင် ဒူးတုန်မိတယ်။ သူတို့ဘော့စ်ချစ်တဲ့သူမှ သွားထိတယ်ဆိုတော့ အဲ့လူကိုသာ စိတ်ထဲက ဆုတောင်းပေးနေမိတယ်။



ရီပေါ် ဖုန်းချပြီးတာနဲ့ လိုင်းပေါ် တက်လိုက်တယ်။ တကယ့်ကိုမှ ဂယက်ထနေတာဘဲ။ ရီပေါ်လက်သီးဆုတ်ထားတာ ဘယ်လောက်ပြင်းလဲ ဆိူ လက်ပေါ်က သွေးကြောတွေဆို ပေါက်ထွက်မတက် ထောင်ထ နေသည်။


အဲ့ပို့ကို ကြည့်သူက M ချီနေလေပြီ။ ရှယ်သူက ရာကျော် comment တွေလဲ အများကြီး ။ comment ထဲ ဝင်ကြည့်လိုက်တော့

ဟယ် အဲ့ကောင်လေးက မထင်ရဘူးနော်!!

ရုပ်လေးက သနားကမားနဲ့!!

ယောကျာ်းလေးဖြစ်ပြီး ကိုယ့်ဘာသာ ရှာစားမယ် မရှိဘူး အလွယ်လိုက်ချင်နေတယ်!!

Arr Ah Daddy (Complete)Where stories live. Discover now