Part 34(Uni+ Zaw)

17.8K 1.3K 40
                                    

Arr Ah Daddy
Part 34(Uni)


မနက်ခင်းအစ သူရိယ နေမင်းကြီး က ထွက်လာသည်က ရွယ်ယိ့ကို လှောင်ပြောင်နေသယောင်။

ဘာလို့လဲ ဆိုတော့ မနေ့က မနက်ထဲက ထွက်သွားတဲ့ ရီလျှို့က နောက်တစ်နေ့ မနက်မိုးလင်းသည်အထိ အိမ်ပြန်မလာတာကြောင့် ဖြစ်တယ်။ အရင်က ဘယ်လောက်ဘဲ ရန်ဖြစ်ပါစေ ဘယ်လောက်ဘဲ နောက်ကျပါစေ အိမ်ကိုတော့ ပြန်လာသေးသည်။


"ရီလျှို့ နင်က ငါ့ကို ဒီလိုအချိုးမျိုး လာချိုးလို့ ရမယ် ထင်နေလား ဟ့ဟ့"

ရွယ်ယိ့ ဖုန်းကို ထုတ်လိုက်ပြီး

"ဟယ်လို......ဒယ်ဒီလား"

"............."

"မာမီနဲ့ ကိုကို တို့ရော ဒီညနေ အားကြလား"

"............."

"ဟုတ်......ဒယ်ဒီ သမက်ကို​တော့ ဒယ်ဒီဘဲ ဆက်သွယ် လိုက်ပါ"

"..........."

"ချစ်တယ်မွ ဒယ်ဒီ ဒါဘဲနော်"

"............"

ရွယ်ယိ့ မျက်နှာပေါ်တွင် အပြုံးများ ထင်ဟက်နေပြီး ဖုန်းကို ချကာ အဝတ်အစားလဲ ပြီး စိတ်ပြေလက်ပျောက် shopping ထွက်ရန် သူ့မ သူငယ်ချင်း သူံးယောက်ကို လှမ်းခေါ်လိုက်သည်။ ထိုသုံးယောက်က ကျောင်းပြောင်းရပေမဲ့ သူမနဲ့တော့ အဆက်အသွယ် မပြတ်သေး။


ရွယ်ယိ့ အောက်ထပ်ဆင်းတော့ ရီပေါ်နဲ့ ရှောင်ကျန့်တို့ကလဲ အပြင်ထွက်မည့်ဟန် တံခါးပေါက်တွင် မတ်တပ်ရပ်နေကြသည်။

ရွယ်ယိ့က အပြုံးလေးနဲ့ ဝတ္တရား မပျက် သွားနှုတ်ဆက်လိုက်သည်။

"အဖေနဲ့ ပါးပါး တို့ ဘယ်သွားကြမလို့လဲ"

"အပြင်"

သူများဆို စကားနှစ်ခွန်းအပြင် ပိုမ​ပြောတဲ့ daddy ကို ရှောင်ကျန့် ကြည့်လိုက်သည်။ ထိုလူကြီးက မျက်နှာထား တည်တည်နဲ့ အရှေ့ကိုသာ ကြည့်နေသည်။ အဲ့တာကြောင့် ရှောင်ကျန့်ကဘဲ ဝင်ပြောလိုက်သည်။

"အင်း ပိတ်ရက်ဆိုတော့လေ တောင်တက်သွားကြမလို့ပါ"

"အော် ကောင်းပါတယ်"

Arr Ah Daddy (Complete)Where stories live. Discover now