Part 27(Uni +Zaw)

17.3K 1.4K 25
                                    

Arr Ah Daddy
Part 27(Uni)

ရီလျှို့တို့ ပြသနာကို ရီပေါ်နှင့် ရှောင်ကျန့်တို့ မသိခဲ့ပါ။သူတို့နှစ်ဦးက နေ့ခင်းပြန်လာပြီးတော့ တစ်နေ့ခင်းလုံး အိပ်ရာပေါ်တွင် ချစ်ကြသေးသည်။ ညနေကျမှ ရေအတူ ချိုးကာ ညစာ ဆင်းလာပြီး စားကြတာဖြစ်တယ်။ ညနေစာစားချိန်ရောက်မှ ရီလျှို့ မရှိတော့ ရီပေါ်က မေးလေသည်။

"ရီလျှို့ အိမ်မပြန်သေးဘူးလား"

ရွယ်ယိ့က ဘာမှ မဖြစ်သလို ပုံစံနဲ့ ပြောလိုက်သည်။

"ဟုတ်ကဲ့ အဖေ သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တယ် ညစာကို အပြင်မှာဘဲ စားတာထင်တယ်"

"ကောင်းပြီ စားကြတာပေါ့"

ရှောင်ကျန့်စားပွဲပေါ်က ဟင်းတွေကို ကြည့်လိုက်သည်။ ကြက်သားချိုချဥ်ကြော် တစ်ပွဲ အသီးအရွက်ကြော်ရယ် ကြာဇံသုပ်​ရယ် ဟင်းချိုရယ် တခြား အရံဟင်းတွေရယ်နဲ့ စုံလင်လှတယ်။ တစ်ပွဲမှ သူမချက်တာ ပါမှာ မဟုတ်။ အပြင်က ဝယ်တာ ဖြစ်မယ်။ ဒါပေမဲ့ ရှောင်ကျန့် ဘာမှ မပြောတော့ဘဲ တိတ်ဆိတ်စွာသာ စားလိုက်တယ်။

ညစာစားပြီးတဲ့ အထိ ဘယ်သူမှ စကားမပြောကြဘဲ တိတ်ဆိတ်စွာနဲ့ ပြီးသွားကြသည်။ ရွယ်ယိ့ မျက်နှာမကောင်းဘဲ သူမ ပန်းကန်ထဲက ဟင်းတွေကို တူနဲ့ မွှေနေပြီး ဘာမှ မစားတာကိုတော့ ရှောင်ကျန့် သတိထားမိတယ်။ ဒါပေမဲ့ ဘာမှ တော့ မပြောပေ။

ပြီးတာနဲ့ ရီပေါ်နဲ့ ရှောင်ကျန့်တို့ အတူလက်တွဲကာ ခြံထဲ သွားကြလေသည်။ ရွယ်ယိ့ကတော့ ပန်းကန်တွေ သိမ်းကာ ဆေးရင်း ကျန်ခဲ့သည်။

ခြံထဲက ဒန်းလေးပေါ်မှာ နှစ်ယောက်ဖက်ကာ ထိုင်ပြီး လေညှင်းလေး ခံနေကြသည်။ မှောင်ရီပျိုးစ အချိန်လေးဆိုတော့ ကောင်းကင်ပေါ်တွင် ကြယ်လေးတွေ တစ်ပွင့်နှစ်ပွင့် ထွက်နေလေပြီ။

"daddy "

"ပြော ကျန့်လေး"

"အခုကလေ ဆောင်းတွင်းရောက်နေပြီဆိုတော့ daddy အားရင် တောင်တက်ချင်တယ်"

"ကောင်းပြီ ကိုယ်လိုက်ပို့ပေးမယ်"

"မွ ချစ်တယ် daddy"

Arr Ah Daddy (Complete)Where stories live. Discover now