Part(2)

6.5K 485 26
                                    

Unicode

" အ့ အရမ်းမဖိနဲ့ ငကောင်းရဲ့
သေတော့မှာပဲ "

"တအားနာနေတာလား "

"မင်းခံကြည့်ပါလား "

ကောင်းသူရိန်က စိုင်းနေမခရဲ့အခန်းထဲမှာထိုင်လို့  လက်ကို ဆေးလိမ်းပေးနေတာဖြစ်သည်။ ကောင်းက စိုင်းနေရဲ့အချစ်ဆုံးသူငယ်ချင်းအရင်းကြီးမို့ အိမ်ကိုအမြဲဝင်ထွက်နေကျပင်။ ရန်ဖြစ်ခဲ့တာမို့ ဖွေးနုနေတဲ့ လက်ဆစ်သွယ်သွယ်လေးတွေက နီရဲရောင်ကိုင်းနေသည်။ ဒါတောင် စိုင်းနေက သူဘယ်လိုမိုးခက်ကို ဆော်ပလော်တီးခဲ့တာ ဆိုပြီး အားပါးတရ စမြုံ့ပြန်နေသေးသည်။ ကောင်းကတော့ နားထောင်သူသက်သက်ပါပဲ။

"ထိုးခံရတဲ့လူ နာမနာတော့ ငါမသိဘူး
မင်းလက်ကတော့ မနက်ဖြန်ဆိုဘောပင်ကိုင်နိုင်မယ်မထင်ဘူး ယောင်လာတော့မှာ ၊ ဘာလို့ဒီလောက်စိတ်ကြီးရတာလဲ စနေသားလေးရဲ့၊ မင်းအသားနုနုလေးရယ်ကို "

"ချီးကိုနု ..အဲ့ကောင်ငါ့ကို ဘယ်လိုသဘောထားနေလဲ မင်းမမြင်ဘူးလား ၊ ယောက်ကျားချင်းကိုကွာ ဒင်းမှာပါတာ ငါ့မှာလဲမပါလို့လား "

"မင်းကလှတာကိုး "

"ငကောင်း ! ခွေးကောင် ငါမကြိုက်ဘူးနော် "

"အေးပါ စတာကို သူ့စိတ်ကြီးပဲ.."

ဒီခေတ်က ယောက်ကျားလေးတွေလဲ မလွယ်တော့ပေ။ ကျားအချင်းချင်းလဲ စမ်းချင်တဲ့ကောင်တွေများလာသည်။ စိုင်းနေမခက သူ့ကိုယ်သူလဲသိသည်။ သူ့မျက်နှာက ယောက်ကျားဆန်တဲ့ဘက်ကိုမသွားပဲ မိန်းမချောချောတဲ့ပုံ ဖြစ်နေသည်ဆိုတာ။ ဒါကိုမကြိုက်တာမို့ ပိုပြီးကြမ်းကြမ်းတမ်းတမ်းနေဖြစ်သည်။ ဆံပင်ပုံစံကိုတောင် သူများတွေလို ကိုရီးယားကေတွေဘာတွေသ့မနေပဲ တိုတိုရှင်းရှင်းသာ ညပ်ထားတာဖြစ်သည်။ ဒါပေမဲ့ ဖြူနုနုလည်တိုင်လေးတွေနဲ့ နားရွက် ပန်းရောင်လေးတွေကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရစေသည်ကိုတော့ သူသတိမထားမိခဲ့။

၁၄နှစ်သားလေးက ဆေးလိပ်သောက်သည်။ ကျောင်းပြေးသည်။နားပေါက်ခိုးဖောက်သည်။ ကြည့်မရတဲ့ကောင်တွေနဲ့ ရန်ဖြစ်သည်။ ဘီယာတောင်တစ်ခါခိုးသောက်ဖူးသည်။ ဒါပေမဲ့ သူတငုံထက်ပိုမသောက်နိုင်ခဲ့။ လူတွေရှေ့မှာ လူမိုက်ကောင်လေးဆိုတဲ့ အများကပေးတဲ့ ဂုဏ်ပုဒ်ကိုသူမက်မောသည်။ အနားမှာအမြဲ ဆိုးတူကောင်းဖက် ရှိပေးတဲ့သူကတော့ ကောင်းသူရိန်ပါပဲ။

Let Me Hug You (Completed)Where stories live. Discover now