Part(16)

5.2K 376 11
                                    

Unicode

"ကောင်း ...ငါ့ကိုဘယ်ခေါ်လာတာလဲ "

"ငါ့ကိုအိမ်ပြန်ပို့ပေး "

"ငကောင်း ကြားလား ၊ ငါနေလို့မကောင်းဘူးလို့ ...နှုံးနေတယ် ။ ငါဖျားချင်နေတာလားမသိဘူး"

စိုင်းနေက သူ့လက်မောင်းကိုတွဲထားသည့် ကောင်းသူရိန်ကို တတွပ်တွပ်ပြောနေသည်။ ကောင်းက ဘာမှပြန်မဖြေပဲ သူ့ကိုယ်ကိုတွဲခေါ်သွားသည်။ အခန်းတံခါးရှေ့ကပ်ပြားနှင်ဖိဆွဲလိုက်ပြီး တံခါးကပွင့်သွားသည်။

"ချပ် "

Vip ခန်းပီသစွာ တခန်းလုံးက အမိုက်စားပင်ဖြစ်သည်။ King size မွေ့ရာ ဖြူဖြူထက်မှာ စိုင်းနေကို ပွေ့တင်လိုက်သည်။ စိုင်းနေက သူလုပ်သမျှကို ပြန်မရုန်းနိုင်ပဲ ပျော့ခွေနေသည်။

"ကောင်း ...မင်း ဘာတွေလုပ်နေတာလဲ "

သူထဖို့ကြိုးစားပေမဲ့ ကောင်းသူရိန်က သူ့ကိုယ်ကို အိပ်ရာထက်ပြန်ဖိချလိုက်တာမို့ မထနိုင်ပဲ ဖြစ်ရသည်။ တကိုယ်လုံးက အားမရှိသလိုနှုံးချိနေတာကြောင့် ကိုယ့်ကိုယ်ကိုလဲ အံ့အားသင့်ရသည်။ ဒီအချိန်ထိတောင် စိုင်းနေမခက ကောင်းသူရိန်ကို တမျိုးမထင်ခဲ့မိသေးပါ။ ဒီလောက်ထိ သူငယ်ချင်းကို ယုံကြည်ခဲ့တာ....

ကောင်းက စိုင်းနေရဲ့ဘေးနားဝင်လဲလိုက်ပြီး ဘေးစောင်းအနေအထားဖြင့် သူ့တမျက်နှာလုံးကို မှေးထောက်လျက်ကြည့်နေသည်။ လက်တဖက်ကလဲ ပါးပြင်နုနုတွေကို အသာအယာပွတ်သပ်လာသည်။

"နေ ...မင်းသိလား ...ငါမင်းကို စတွေ့ကတည်းက မင်းကငါ့အတွက် ဘယ်သူနဲ့မှမတူတဲ့ ဖြစ်တည်မှု့လေးဆိုတာ "

"ငါတို့ ၈တန်းတုန်းက ဟိုဘက်ကျောင်းက ကောင်တွေနဲ့ ရန်ဖြစ်တော့ တဖက်ကကောင်က မင်းကို တုတ်နဲ့ရိုက်ဖို့လုပ်တယ်လေ မင်းမှတ်မိသေးလား "

"အဲ့ဒီတုန်းက ငါမင်းရှေ့မှာကာပေးခဲ့တယ်
ငါကလေ ကိုယ့်အသားနာမှာ သိပ်ကြောက်တဲ့ကောင် နေရဲ့ ၊ ဒါပေမဲ့ ငါ့အသားနာမှာထက် မင်းနာကျင်မှာကို ငါပိုကြောက်တယ် "

"ငါ့ခေါင်းကွဲသွားပြီး ၅ချက်ချုပ်လိုက်ရတော့ မင်းအရမ်းစိုးရိမ်နေခဲ့တာငါမှတ်မိသေးတယ် ၊ အဲ့နေရာတကွက်ကို ကတုံးပါရိတ်လိုက်ရတော့ မင်းစိတ်မကောင်းဖြစ်ပြီး မင်းဆံပင်တွေကိုပါ အတူတူဖြစ်အောင် ရိတ်ပစ်မယ်ပြောလို့ ငါတားရသေးတယ်။  ဒီနေရာမှာလေ အမာရွတ်တောင် အခုထိကျန်နေသေးတယ် "

Let Me Hug You (Completed)Where stories live. Discover now