Part (18)

5.7K 395 12
                                    

Unicode

"သား နိုးပြီလား "

စိုင်းနေနိုးလာတော့ အနားမှာ ဒေါ်ခမ်းလုံကစောင့်ပေးနေသည်။ လည်ချောင်းတစ်ခုလုံးနာကျင်နေလျက် အာသီးတွေပါယောင်နေသည်ထင်သည်။ နဲနဲလှုပ်လိုက်မိတော့ လက်မှာဆေးပိုက်တွေချိတ်လျက်သား ဖြစ်နေသည်။

"သား မထ့နဲ့ဦးလေ နေမကောင်းသေးတာကို ၊ ပုလင်းချိတ်ထားတာက နောက်၁၅မိနစ်လောက်မှကုန်မှာ "

"ကျွန်တော် ဘာဖြစ်တာလဲ  "

စကားပြောထွက်လာတော့ ကိုယ့်အသံပင်ကိုယ် ပြန်မမှတ်မိအောင် ဩရှရှဖြစ်နေ၏။ ညကအဖြစ်အပျက်အားလုံးကို ပြန်အမှတ်ရသွားတော့ တကိုယ်လုံးနာကျင်ကိုက်ခဲနေရသည့် အကြောင်းရင်းကို နားလည်သွားသည်။

"သားလွှမ်းပြောတာတော့ အအေးမိပြီးဖျားတာတဲ့ ၊မနက်က ဆရာဝန်တော့ လာကြည့်သွားပေးတယ် ၊ ညနေတောင်စောင်းနေပြီသားရဲ့ သားတနေကုန်ဒီအတိုင်းအိပ်ပျော်နေတာ ၊ ဒေါ်ကြီးဖြင့် စိတ်ပူလိုက်ရတာကွယ် "

"ဟိုကောင်ရော ..."

"သားလွှမ်းက အလုပ်သွားတယ်သား "

သူဒေါသထွက်လွန်းလို့ သေမတက်ပင်ဖြစ်သွားသည်။ လူကိုဒီလောက်ထိဖြစ်အောင် လုပ်ထားပြီးမှ့ သူကတော့ အလုပ်တောင်သွားနေလိုက်နိုင်သေးသည်ပေါ့။  တွေ့ချင်တာတော့မဟုတ်ပေမဲ့ သူလုပ်ထားပြီးတဲ့အကျိုးဆက်ကို သူတာဝန်ယူသင့်သည်မဟုတ်လား။

လူမဆန်တဲ့ကောင် ...သူနေပြန်ကောင်းမှ့ ဒီကောင်ကို သေအောင်ပြန်လုပ်ပစ်မည်။ သူခံခဲ့ရတာထက် ဆယ်ဆလောက်ပြန်လုပ်ပစ်မှာ ။

ဒေါ်ခမ်းလုံက ဆန်ပြုတ်ယူခဲ့မည်ဟု့ဆိုကာ အောက်ထပ်ဆင်းသွားသည်။ စိုင်းနေက အဖျားလဲရှိနေသည့်အပြင် အားနည်းနေတာကြောင့် ရေချိုးခန်း အိမ်သာတောင်မနည်းသွားရသည်။ တနေကုန် ဆန်ပြုတ်ကိုသာစားရပြီး အိပ်ရာထဲ လဲနေရရင်း အလွှမ်းရောင်ကို မေတ္တာပို့နေမိသည်။

"ခွေးလိုကောင် ဘယ်သူ့ကြောင့်အခုလိုခံနေရတာလဲ ၊ နည်းနည်းလောက် လူလိုသိတတ်မယ်ဆိုရင် ဒီလိုပစ်သွားနိုင်မလား "

Let Me Hug You (Completed)Where stories live. Discover now