Part(6)

5.3K 448 28
                                    

Unicode

ဦးစိုင်းမင်းထက်က အနည်းငယ် သက်သာသည်နှင့် အိမ်ကိုပဲပြန်ချင်သည် ဆိုတာကြောင့် ပြန်ခေါ်လာခဲ့ကြသည်။ ဖေဖေ့အခန်းကို ဒုတိယထပ်မှ့ အောက်ထပ်ကိုအသွားအလာအဆင်ပြေစေရန် ပြောင်းပေးလိုက်ရသည်။ ဖေဖေ့ အလုပ်တွေကို အလွှမ်းရောင်က ကြည့်ပေးနေကြောင်းသိရသည်။ စိုင်းနေလဲ အဖေ့အလုပ်ကိုကူပေးချင်ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို သူဘာမှနားလည်တာမရှိပါ။ အလွှမ်းရောင်က သက်သက်လုပ်ငန်းလုပ်နေမှန်းတော့ သူသိသည်။ ဘာတွေလုပ်ပြီး ဘယ်လိုတွေ အောင်မြင်နေသလဲဆိုတာတော့ အသေးစိတ်သူမသိပေ။ ခြုံပြောရမယ်ဆိုရင် အိမ်မှာ သားကြီးက သူဖြစ်ပေမဲ့ အိမ်စီးပွားရေးက အလွှမ်းရောင်လက်ထဲရောက်နေသလိုပင်ဖြစ်သည် ။

"သားကြီးရော သားငယ်ရော စာကြည့်ခန်းထဲ
လာခဲ့ဦး "

ဦးစိုင်းမင်းထက်က သူ့ရဲ့အလုပ်ခန်းထဲ ကလေးနှစ်ယောက်စလုံးကို ခေါ်လိုက်သည်။ စိုင်းနေတို့ဝင်လာတော့ အဖိုးငယ်ပါ ရောက်နေသည်။ မိသားစုစုံစုံလင်လင် မျက်နှာစုံညီမို့ ဖေဖေတစ်ခုခု အရေးကြီးတာပြောတော့မည်မှန်းသိလိုက်ရသည်။

"မင်းတို့လဲ သိတဲ့အတိုင်းပဲ ငါမင်းတို့ကို ဒီအချိန်ထိ ဘာမှ့လိုလေသေးမရှိထားခဲ့ ၊ ကျွေးမွေးခဲ့ ၊ မြေတောင်မြောက်ပေးခဲ့တယ်"

"ငါက အဖေတစ်ယောက်အနေနဲ့ အိမ်ကိုလုံခြုံအောင်အမိုးပေးနိုင်ခဲ့သလား။ မင်းတို့အတွက် ငါ ဖခင်တစ်ယောက်ရဲ့တာဝန် ကျေပွန်ခဲ့ရဲ့လား "

"ဖေဖေက ကျွန်တော့်အတွက် ဘုရားနဲ့တဂိုဏ်းတည်းထားရသူပါ။ ကျွန်တော့်ရဲ့ကျေးဇူးရှင်ပါ "

အလွှမ်းရောင်က ဦးစိုင်းမင်းထက်အမေးကို သူခံစားရသလိုဖြေပါသည်။ စိုင်းနေကတော့ ...

"ဖေဖေ ဘာပြောချင်တာလဲ ၊ အဖေဘယ်လိုလူဆိုတာ ကျွန်တော်တို့အားလုံးသိနေတာပဲလေ "

"အေး အခုတော့ ငါ့ကျန်းမာရေးလဲ မကောင်းတော့ဘူး၊ငါအနားယူချင်တယ်။ ငါ့ဇာတိမွေးရပ်မြေမှာပဲ ကျန်ရှိတဲ့အချိန်တွေကို ဖြတ်သန်းချင်တယ်။ ငါ့အမေငါ့ကိုမွေးခဲ့တဲ့ တောင်ကြီးမှာပဲ ငါပြန်‌နေချင်တယ်။မင်းတို့နှစ်ယောက် ငါ့ရဲ့ company ကို ဆက်ပြီး ဦးစီးဖို့ ငါစိတ်ချလို့ရနိုင်မလား"

Let Me Hug You (Completed)Where stories live. Discover now