Part(13)

4.9K 392 9
                                    

Unicode

စိုင်းနေနိုးလာတော့ အခန်းထဲမှာ အလွှမ်းရောင်မရှိပါ။ ညက စကားများရန်ဖြစ်ကြပြီးကတည်းက ဒီကောင်အခန်းထဲပြန်မလာတာဖြစ်သည်။ ကိုယ်ကလဲ သူ့မျက်နှာကို မမြင်ချင်ပါ။ အလုပ်ပိတ်ရက်မို့ ညဝတ်အကျီပင်မလဲပဲ အောက်ဆင်းလာခဲ့သည်။အုန်းနို့ခေါက်ဆွဲစားချင်လာတာကြောင့် တယောက်ယောက်ကိုဝယ်ခိုင်းဖို့ဆင်းလာခဲ့တာဖြစ်သည်။ ဧည့်ခန်းအကွေ့အချိုးနားအရောက်မှာ ကြားလိုက်ရတဲ့စကားသံတွေကြောင့် ခြေလှမ်းတို့ကတုံ့ခနဲဖြစ်ရသည်။ ဒေါ်ကြီးခမ်းလုံနှင့် သူ့တူမဝမ်းကွဲ လုံးလုံးရဲ့အသံပင်ဖြစ်သည်။

"ဟုတ်တယ် ညကရန်ဖြစ်ကြတာမှ့အကြီးအကျယ်ပဲ ဒေါ်လေးရဲ့၊ ကိုငယ် စိတ်ဆိုးတာ ဒီတခါမြင်ဖူးတာပဲ ၊ ကိုကြီးစိုင်းကို ဆွဲခေါ်သွားတာများ ခြေထောက်နဲ့‌ကြမ်းပြင်တောင် လွတ်နေသလားပဲ တရွတ်တိုက်ပဲ "

"ဟုတ်လို့လားအေ သားလွှမ်းက သူ့ကိုကို
ကိုသိပ်ချစ်တာပါ..."

"တကယ်ပါဆို ....ကိုကြီးကလဲ အရမ်းစိတ်ဆိုးနေသလိုပဲ ၊ ဖွားဖွားကြီးဆုံးတဲ့ကိစ္စကိုများ သိသွားလို့များလား"

"ဟဲ့ တိုးတိုးပြောစမ်း ၊ ဒါနင်လျောက်ပြောရမဲ့စကားလား ၊ သားကြီးသိရင် အားလုံးပြသနာတက်ကုန်မယ် ၊ နဂိုကမှ့ အငယ်လေးကိုမုန်းနေပါတယ်ဆို "

"ကျွန်တော်သိလို့ မဖြစ်တဲ့ကိစ္စတွေ
ဒီအိမ်မှာရှိနေတာလား "

"ဟင် ..."

"ပြောပါဦး ဒေါ်ကြီး ၊ဒီအိမ်မှာ ဘယ်သူကအိမ်ရှင်လဲ အလွှမ်းရောင်လား ၊ ကျွန်တော်လား "

"မဟုတ်ဘူး သား ..သားအထင်လွဲနေပြီ "

"ဖြေလေ ဖွားဖွားကြီးဆုံးရတာ အလွှမ်းရောင်နဲ့ဘာပတ်သက်လဲ "

ဒေါ်ခမ်းလုံရော ၊ လုံးလုံးပါ နှစ်ယောက်သား မျက်နှာပျက်နေကြပြီဖြစ်သည်။

"ဘာလို့ပါးစပ်တွေက ပိတ်နေကြတာလဲ
ကျွန်တော်က ဒီအိမ်မှာ ဘာမှအရေးမပါတဲ့ကောင်လား အလွှမ်းရောင်ကိုပဲ သစ္စာရှိမယ်ပေါ့ ၊ ဒီပါးစပ်တွေက ဖြေကြလေ "

"မဟုတ်ပါဘူးသားရယ် ...သားအဖွားဆုံးတဲ့ကိစ္စကလေ သားလွှမ်းကြောင့်ရယ်လဲမဟုတ်ပါဘူး။ အဲ့နေ့က သားအဖွားက လွှမ်းရဲ့အခန်းထဲဝင်ပြီး ဒိုင်ယာရီကိုခိုးဖတ်တာ ..ပြီးတော့ ဒေါသတွေထွက်ပြီး သားငယ်ကိုရိုက်တာပါကွယ် ၊ အားလုံးဝိုင်းဆွဲတာတောင်မရပါဘူး။ လွှမ်းကဘာမှပြန်မပြောပဲ ငြိမ်ခံနေခဲ့ရှာတာပါ။ သားအဖွားက အစကတည်းက ရောဂါအခံရှိတဲ့သူမို့ အမောဖောက်ပြီး ..."

Let Me Hug You (Completed)Where stories live. Discover now