Part(17)

5.6K 391 8
                                    

Unicode

"ပျော်ခဲ့ရဲ့လား "

"လွှမ်း ငါ့ကိုမရွဲ့နဲ့ ။ မင်းအထင်မှားနေတာ "

"ဘယ်လိုလုပ်အထင်မှားတာဖြစ်မလဲ ၊ ဒီမျက်လုံးနဲ့ကိုယ်တိုင်ကိုယ်ကျ မြင်တာလေ။ ခဗျားတို့ခွေးဇာတ်ခင်းနေတာကို ..."

"အလွှမ်းရောင် !!! မဟုတ်ဘူးလို့ သူငါ့ကိုအတင်း "

"တော်စမ်းပါ ။ ကျုပ်ခဗျားအသားကိုထိရင်တော့ ကမ္ဘာစစ်ပဲဖြစ်နေသလို ဆတ်ဆတ်ခါ နာနေလိုက်တဲ့ခဗျား ၊ ဟိုကောင့်အောက်မှာတော့ ပြားလို့ သာယာနေလိုက်တာများ ...ဒါလား သူငယ်ချင်း "

စိုင်းနေက အားကိုတင်းလို့ အိပ်ရာထက်မှထထိုင်လိုက်သည်။ အလွှမ်းရောင်ရဲ့ အနားတိုးလို့ သူ့လက်မောင်းတွေကို ကိုင်ထားကာ   ....

"ငါ့ကိုယုံပါ ။ ငါတကယ် မဖောက်ပြန်ခဲ့ဘူး"

"ဒါဆိုခဗျားရုန်းလေ အဲ့ကောင်ကို ကျုပ်ကိုထိုးသလိုဆွဲထိုးလေ ၊ လုပ်သလား ...ခဗျားလုပ်ခဲ့သလား "

"မလုပ်ခဲ့ဘူး မှန်တယ် ။ ဒါပေမဲ့ ငါမလုပ်တာမဟုပ်ဘူး မလုပ်နိုင်တာ ၊ သူတို့ငါ့ကို ဘာဆေးခပ်ထားလဲ ငါမသိဘူး။ ငါသူ့ကိုမရုန်းနိုင်ဘူး ။ ငါ့ဘက်က တကယ့်ကိုအလိုမတူပါဘူး တကယ်ပါ "

"ခဗျားအဲ့လိုပြောတော့ရော အပြစ်လွတ်ပြီပေါ့ဟုတ်လား။ သိပ်သွားချင်တာလေ အဲ့ဒီကို ။ ကျုပ်သာ ရောက်မလာရင် ခဗျားဘာဖြစ်သွားမလဲ သိ့လား "

"သိတယ် သိလို့လဲ ငါမင်းကိုတောင်းပန်နေတာလေကွာ အလွှမ်းရောင်ရယ် ၊ ငါ့ကို အထင်မလွဲပါနဲ့ ..."

သူဘယ်လောက်ပဲအသိတရားမရှိပါစေဦး အိမ်ထောင်ရေးဖောက်ပြန်တာမျိုးတော့ တသက်လုံးမလုပ်ပါ။ အလွှမ်းရောင်သာ သူ့ကိုရှာမတွေ့ခဲ့ရင် ဘာတွေဆက်ဖြစ်မည်ဆိုသည်ကို တွေးပင်မတွေးရဲ။ သေချာတာကတော့ သူ့ကိုယ်သူသတ်သေဖို့ကြိုးစားမိမည်။ ကွာရှင်းဖို့ ကြိုးစားမိမည်ဖြစ်သည်။

အလွှမ်းရောင်က တောင်းပန်နေသည့် စိုင်းနေရဲ့ မျက်နှာလေးကို ငုံ့ကြည့်ကာ ငြိမ်သက်နေခဲ့သည်။ ကိုကို့ မျက်နှာလေးက မတည်မငြိမ်ဖြစ်နေသည့်သူဒေါသတွေကိုလွှင့်ပါးသွားအောင် စွမ်းနိုင်ပါသည်။ ဒါပေမဲ့ မေ့ဖျောက်လို့မရတဲ့ အိပ်ရာထက်က နမ်းရှိုက်နေကြသည့် မြင်ကွင်းတို့ကို ပြန်မြင်ယောင်လာမိချိန်မှာတော့ .......

Let Me Hug You (Completed)Where stories live. Discover now