Part(21)

5.6K 366 6
                                    


Unicode

အကြပ်နေ့ညမှာတော့ အဖိုးလေးရဲ့ ခြံကျယ်ကြီးထဲမှာ မီးပုံပွဲလေးလုပ်ကာ ကြက်သားကာလသားချက် ချက်စားကြသည်။ လူအားလုံးဝိုင်းဖွဲ့လို့ ပျော်စရာကြီးပင်ဖြစ်သည်။ အဖိုးငယ်နှင့် ဖေဖေကတော့ လူငယ်တွေကိုလွတ်လွတ်လပ်လပ်နေစေချင်တာမို့ထင်ပါရဲ့။ ခဏသာထိုင်ပြီး အိမ်ပေါ်တက်သွားသည်။ အဖိုးငယ်ရဲ့လူယုံ ကိုအငယ်လေးက သူသိမ်းထားသည့် အရက်ပုလင်းကြီးကိုလဲထုတ်လာသေးသည်။ ဆေးစိမ်အရက်လို့ပြောတာပဲ။

"သောက်ကြည့်ကြကွ ၊ ယောက်ကျားလေးတွေအတွက် ကောင်းတယ် ဟီးဟီး "

ထမင်းချက်နှင့် အလုပ်သမား ကောင်မလေးများက အထဲဝင်ကုန်ကြပြီမို့ လူငယ် လူလတ်ပိုင်းတွေပဲ ကျန်ရှိကာ ပျော်ပျော်ကြီးသောက်စားကြ၏။ အလွှမ်းရောင်က အားလုံးနှင့်လွယ်လွယ်ပင်အဖွဲ့ကျသွားကာ အရက်တွေကိုရေတောင်မရောပဲ တခွက်မော့ချလိုက်သည်။ သူက တားချင်ပေမဲ့ လူတွေရှေ့မို့ အစမခံနိုင်တာကြောင့်ငြိမ်နေလိုက်ရသည်။အနားကပ်၍သာ တိုးတိုးကျိတ်ဆူရသည်။

"အလွှမ်းရောင် ဒီအရက်တွေက အရမ်းပြင်းတယ် ။ ဇွတ်သောက်မနေနဲ့ .."

"အားရှိတယ်လို့ပြောတယ်ကိုကိုရဲ့ "

"မင်းက အားပြတ်နေလို့လား "

"ဟေ့ဟေ့ ဘာတွေတီးတိုးပြောနေကြတာလဲ
ဒါမျိုးမရဘူးနော် ၊ လာ လာ ဒီနှစ်ယောက်ကို ခွဲထားမှ့ဖြစ်တော့မယ် "

အလွှမ်းရောင်က ဒီလိုနှင့်တဖက်ကိုပါသွားသည်။ မီးပုံလေးအနား အားလုံးဝိုင်းပတ်ထိုင်နေကြတာဖြစ်ပြီး အခုဆို အလွှမ်းရောင်က စိုင်းနေရဲ့ မျက်နှာချင်းဆိုင်တဖက်မှာ ထိုင်နေတာဖြစ်သည်။ ရာသီဥတုက ညမို့လားမသိ။ အနည်းငယ်အေးစိမ့်လာသည်မို့ သူလဲ အရက်အနည်းငယ်တော့သောက်လိုက်သည်။ လည်ချောင်းထဲခါးသက်သက်အရည်တွေ ပူဆင်းသွားသည်။ ကြက်သားဟင်းကလည်းသိပ်ကို အရသာရှိလွန်းနေသည်။

အလုပ်သမားတယောက်က ဂီတာတလက် ယူချလာပြီး အားလုံး သီချင်းဝိုင်းဖွဲ့ အော်ဆိုကြသည်။ အရက်လေးမူးလာတော့ အသဲကွဲပြီးငိုတဲ့ကောင်ကငို ရည်းစားကိုဖုန်းဆက်တဲ့ကောင်ကဆက် ဖြစ်ကုန်သည်။

Let Me Hug You (Completed)Where stories live. Discover now