Part(3)

5.7K 484 14
                                    

Unicode

"ဟေ့ကောင် အလွှမ်းရောင် "

"ကိုကို "

လွှမ်းစာကျက်နေတုန်း အခန်းထဲဝင်လာသည့်ကိုကိုကြောင့် အံ့ဩသွားသည်။ ကိုကိုက သူ့အခန်းထဲလာလေ့မရှိပါ။ ကိုကို့ကိုကြည့်ရတာ အပြင်သွားမဲ့ပုံပင်။ တီရှပ်အနက်ကို ဂျင်းအနက်နဲ့တွဲဝတ်ထားသည်။ အသားအရည်လှတဲ့အထဲပါသည့်ကိုကိုက all black ဝတ်ထားသည်ဆိုတော့ စဉ်းစားသာကြည့်တော့။ မျက်စိကျိန်းလောက်အောင်ပင် ဖွေးသန့်နေတော့တာ။ ဆံပင်တွေကိုလဲ ဂျယ်နဲ့ သပ်ရပ်နေအောင်သ့ထားသေးသည်။ မျက်ဆံနက်နက်ကလေး၊ မျက်ခုံးတန်းထူထူလေး၊ အဖျားလေးကော့သွားတဲ့ နှာခေါင်းချွန်ချွန်လေး၊ နီရဲထွေးဥနေတဲ့ စတော်ဘယ်ရီလို နှုတ်ခမ်းလေးတွေနဲ့ ကိုကိုက ပက်ပက်စက်စက်ကိုချောတာဖြစ်၏။

ဒူးဆစ် ၊ တံတောင်ဆစ်လိုနေရာမျိုးလေးတွေ ၊ လက်ဖဝါး အစွန်းအဖျားလေးတွေကအစ ပန်းရောင်သန်းနေပြီး နုနုဖတ်ဖတ်ကလေး။ လက်သည်းတွေကိုအမြဲ တိုတိတိညှပ်ထားတတ်ကာ လက်သည်းခွံလေးတွေကအစ ကြည်ပြီးသွေးရောင်လွှမ်းနေတတ်တာ။
ဒီလက်‌ကလေးတွေ ရန်ဖြစ်လို့ အနာတရ ရလာသည့်အခါတိုင်း လွှမ်းမှာ တိတ်တဆိတ် ရင်နာရပါသည်။ ဖေဖေရဲ့ မိတ်ဆွေတွေထဲမှာ အနုပညာအသိုင်းအဝိုင်းက ထုတ်လုပ်သူတွေလဲပါသည်။ သူတို့ကတောင် ကိုကို့ကို မြင်တော့ မင်းသားလုပ်ခိုင်းပါလားဟု့ ဖေဖေကိုပြောနေတာ လွှမ်းကြားဖူးသည်။

"ကျွန်တော့် သားကြီးက ဒါမျိုးတွေဝါသနာမပါဘူးဗျ "

ဖေဖေရဲ့ အငြင်းစကားကိုကြားရမှ့ လွှမ်း သက်ပြင်းချနိုင်တော့သည်။ ကိုကို့ကို သူ့တယောက်ထဲတောင် ကြည့်မဝတာ လူတကာဝိုင်းကြည့်ကြမဲ့အလုပ်မျိူး မလုပ်ခိုင်းနိုင်ပါဘူး။

"ဟေ့ကောင် ငါပြောတာကြားလား "

"ဟင် ဘာပြောလိုက်တာလဲ "

"မင်းမှာ ပိုက်ဆံရှိလားလို့ ၊ ငါအရေးကြီးအသုံးလိုလို့ ၃သောင်းလောက်ပဲ "

"ဘယ်မှာသုံးမှာလဲ ၊ ကိုကို စာမကျက်ဘူးလား ၊ အခုက ဘယ်သွားမှာလဲ "

ကိုကိုက ဘောလုံးပွဲလောင်းတတ်တာသူသိသည်။ အမြဲတမ်း အိမ်ကဘယ်လောက်ပေးပေး လောက်တယ်ရယ်လို့မရှိ။ တဘက်ခါ လပတ်စာမေးပွဲရှိသည်။ ကိုကိုက စာမကျက်ပဲဘယ်သွားဦးမှာလဲ ။

Let Me Hug You (Completed)Where stories live. Discover now