Part (20)

5.8K 370 4
                                    

Unicode

ပြတင်းပေါက်တံခါးတွေကိုဖွင့်လိုက်တော့ ခြံထဲက ပိတောက်ပင်ကြီးကို တန်းတန်းတွေ့မြင်ရသည်။ ပိတောက်ပန်းတွေမြေမှာဖွေးဖွေးလှုပ်ကြွေကျနေစဉ် ခြံထဲလမ်းလျှောက်ထွက်ရင်း ပန်းရနံ့တွေကိုရူရှိူက်ရသည်ကို သူအနှစ်သက်ဆုံးပင်။ ဒါပေမဲ့ နှစ်တွေကြာလာတော့ ပိတောက်တွေလဲသစ္စာမရှိတော့ဘူးထင်၏။ သင်္ကြန်အချိန်အခါကျော်လွန်သည့်တိုင်အောင် ပိတောက်တွေက အချိန်မှန်မပွင့်တော့ပါ။

ငယ်ငယ်ကတော့ ဒီပိတောက်ပင်ကြီးအောက်မှာ ကောင်းနဲ့အတူဘောလုံးကန်ခဲ့ကြဖူးသည်။ ဂေါ်လီရိုက်ဖူးသည်။ ပုံထပ်ဖူးသည်။ သူတို့ကစားနေချိန်‌ဆို ချောင်းချောင်းကြည့်နေတတ်တဲ့ ပါးဖောင်းဖောင်း ကြောင်ချီးကုပ်ရုပ်နှင့် အပုအသေးလေးအလွှမ်းရောင်ပုံစံကို သူမှတ်မိသေး၏။

"ဂျီးပေကောင် ငါတို့ကစားတဲ့အနား မလာနဲ့ "

"ကိုကို သားလဲ ဆော့ချင်တယ် "

"မင်းသိပ်ဆော့ချင်ရင် ဘောလုံးကောက်တဲ့ကောင်လုပ်"

"ဟုတ် "

ဂျပုလုံးလေးအလွှမ်းရောင်က မျက်လုံးတောက်တောက်လေးများဖြင့် သူတို့ကစားတာကို ထိုင်ကြည့်နေခဲ့ဖူးသည်။ ကောင်းသူရိန်က စိုင်းနေ အလွှမ်းရောင်ကိုမကြည်မှန်းသိတာမို့ သူလည်းလွှမ်းကိုမျက်နှာသာမပေးခဲ့ပါ။ ဒါပေမဲ့ ကိုယ်တိုင်တော့အနိုင်ကျင့်ခဲ့တာမျိုးမရှိခဲ့။ ဒီအရွယ်လေးတွေကတည်းက ခင်မင်လာတဲ့သံယောဇဉ်တွေက အခုတော့ တစစီကွဲအက်သွားခဲ့ပြီ။ အရင်လိုဖြူစင်စွာ ပြန်လည်ခင်မင်ဖို့ဆိုတာ ...

"ကိုကို "

"ဟင် ! "

အတွေးလွန်နေတုန်းအနောက်မှ့လာသိုင်းဖက်တဲ့ လက်တစ်စုံ။ သူ့တကိုယ်လုံးက ရင်ခွင်တခုထဲကျောပေးလျက်အနေအထားဖြင့်နစ်မြုပ်နေလျက် အလွှမ်းရောင်ရဲ့ အသက်ရှူသံနွေးနွေးက လည်ပင်းထက်ဝေ့ဝဲလို့နေသည်။ ရုန်းမရမှန်းသိသည်မို့ ဒီအတိုင်းငြိမ်နေလိုက်ပေမဲ့ နေ့လည်ကကိစ္စကိုသတိရသွားသောအခါ ဒေါသကပြန်ထွက်လာပြန်သည်။

"ဘာတွေ စဉ်းစားနေတာလဲ "

"ငါ့ဘာသာ ဘာစဉ်းစားစဉ်းစားပေါ့
လူကိုအပိုင်သိမ်းရုံအားမရလို့ အတွေးတွေကိုပါ မင်းကကန့်သတ်ချင်နေသေးတာလား "

Let Me Hug You (Completed)Where stories live. Discover now