Part(7)

5.3K 432 10
                                    


Unicode

အလွှမ်းရောင် ....

အလွှမ်းရောင်ရဲ့ဘဝမှာ တွယ်တာစရာ များများစားစားမရှိခဲ့ပါ။ လူမှန်းသိတတ်စ အရွယ်လေးမှာပင် သူက တပါးသူအိမ်မှာ မွေးစားသားဖြစ်ခဲ့ရသည်။ ဒီအိမ်မှာ သူနေပျော်ရသည့် အကြောင်းရင်းက နေ့တိုင်းချိုချဉ်ဝယ်ကျွေးတတ်သည့် ခြံစောင့် ဦးအေးသာလဲ မဟုတ်၊ ဖျားတိုင်း ဂရုစိုက်ပေးတတ်သည့် ထမင်းချက် ဒေါ်ခမ်းလုံလဲမဟုတ် ၊ အငယ်ဆုံးလေးဆိုပြီးအချစ်ပိုကြသည့် အလုပ်သမားများကြောင့်လဲမဟုတ်ပါ။ သူ့ကိုမြင်တာနှင့် အမြဲမျက်မှောင်ကုပ်ထားပြီး နှုတ်ခမ်းတထော်ထော်နှင့် အော်ဟစ်ပြသနာရှာတတ်သည့် ကိုကိုသေးသေးလေးကြောင့်သာ ဖြစ်သည်။

ကိုကိုက လှလွန်းတာကြောင့် တခါတလေ အဆူခံ၊ အရိုက်ခံနေရတာကိုတောင်မေ့လို့ ကို့ကို့ကို ခိုးကြည့်နေမိသည်ကပိုများသည်။ ကိုကိုဘာကိုစိတ်ဆိုးသွားမှန်းတောင် သူမသိလိုက်ပေ။ ဘာကြောင့်အရိုက်ခံရ၊ အကန်ခံရမှန်းတောင် သူမသိလိုက် ၊ သူသိတာက ကိုကို့အနား ကြာကြာနေခွင့်ရဖို့သာဖြစ်သည်။ သူ့ဘဝတလျောက်လုံး စဉ်းစားခဲ့သည်က ကိုကို့ကို ပိုင်ဆိုင်ရဖို့ ဘာလုပ်ရမယ်ဆိုတာကိုပင်။ ဒီအဖြေက ကျောင်းစာကြည့်တိုက်ကစာအုပ်တွေထဲမှာလဲ မပါသလို ၊ ကျောင်းက ဆရာမတွေကလဲ သင်မပေးချေ။ ဒါပေမဲ့ သူက ဉာဏ်ကောင်းတဲ့ကလေးဖြစ်တာကြောင့် ခံစားချက်ကို မျိုသိပ်ထားသင့်သည်ဆိုတာကို‌တော့ သူနားလည်သည်။

ကိုကို့ရှေ့မှာ သူအမြဲခေါင်းငုံ့နေခဲ့သည်။ ကျောင်းမှာရော လူတွေကြားထဲမှာပါ သူထင်ပေါ်အောင်မနေခဲ့ပါ။ အလွှမ်းရောင်ဆိုတာ လူမသိသူမသိ ချောင်ကပ်နေသည့်ကောင်လေးသာဖြစ်သည်။ သူ့ကိုမြင်တာနဲ့ အမြဲစိတ်ဆိုးနေတတ်သည့်ကိုကိုက အိပ်နေချိန်မှာတော့ အပြစ်ကင်းလွန်းလှပါသည်။ ကိုကိုအိပ်နေတာကို သူထိုင်ကြည့်ခဲ့ဖူးတဲ့ညတွေ ဘယ်လောက်ရှိခဲ့ပြီလဲ ရေတွက်၍ပင်မရ။ ကိုကိုက အရွယ်လေးရောက်လာတော့ ကောင်မလေးတွေကြိုက်တတ်လာသည်။ အနောက်ကနေ အမြဲတိတ်တဆိတ်လိုက်ကြည့်ရတာလဲ ဝဋ်ကြွေးတစ်ခုလိုပါပဲ။ ကိုကို့ကို စိတ်မချရလွန်းလို့ ဘယ်သူမှ့မမြင်အောင်ဖွက်ထားမိချင်တဲ့အထိပါပဲ။

Let Me Hug You (Completed)Where stories live. Discover now