Part(14)

4.8K 372 12
                                    

Unicode

"ကိုကိုက ငါ့ကိုမယုံဘူး "

"သူငါ့ကိုမယုံဘူးကွာ "

"ဟုတ်ပါတယ်လေ ငါကလဲ ယုံချင်စရာမှ့မကောင်းခဲ့ပဲ"

"ကိုကိုမမုန်းအောင် ငါ ဘာလုပ်ရမှာလဲ "

နန္ဒတယောက် သေချင်စော်နံနေပြီဖြစ်သည်။ သူ့ရှေ့က အလွှမ်းရောင်ကတော့ ပြောချင်ရာပြောပြီး သောက်နေတော့သည်။တခါမှ့မသောက်ဖူးသည့် အူရိုင်းကောင်ကို သောက်ဖို့အကြံပေးမိသည့် ကိုယ့်ပါးစပ်ကိုယ်သာ ဖြတ်ရိုက်လိုက်ချင်တော့သည်။

နန္ဒကျော်နဲ့လွှမ်းက ဆယ်တန်းမှာစပြီးပေါင်းဖြစ်တာဖြစ်သည်။ ဝါသနာတူ ရည်ရွယ်ချက်တူတွေမို့ ငယ်ပေါင်းတွေလိုပင် ရင်းနှီးသွားခဲ့ကြတာ..အခု company တစ်ခုကို အတူတည်ထောင်ခဲ့ကြသည့်အထိပင်။ အလွှမ်းရောင်နဲ့ ခင်မင်ခဲ့သည့်သက်တမ်းတလျောက်လုံး နားပူအောင်ကြားရသည်က သူ့ကိုကိုရဲ့အကြောင်းတွေပင်။ မယူခင်ကလဲ မရလို့ ၊ ယူပြီးတော့လဲ အိမ်ထောင်ရေးက အဆင်မပြေကြဘူးထင်သည်။

"ကိုယ့်ကိုမကြိုက်တဲ့လူကိုများကွာ
မင်းမို့ ခခယယဖြစ်နေတယ် "

"မင်းစကားမှာ ငါ့ကိုကိုနာမည်တလုံးပါနေတယ် မပြောနဲ့ .."

"ဟ့ အကျိုးနည်း ရစ်မှု့ကြီး "

"ငါသာဆို မင်းကိုကို ကို ဘောလုံးလိုကန်ပလိုက်ပြီ ၊စော်အလန်းလေးတွေနဲ့တွဲပစ်မှာ
ဟိုကောင်မလေး မေမီကိုလားဘာလား မင်းကိုအသေကြွေ‌နေတဲ့တယောက်လေ အဲ့ဒါကိုပဲ ပြန်ကြိုက်လိုက်စမ်းပါ ၊ ကိုယ်ချစ်ကိုမရှာရဘူး သူချစ်ကိုရှာရတယ် ငါ့ကောင်ရ "

"နန္ဒ .."

"ဘာလဲ "

"မင်းက ငရဲအိုးဂျိုးကပ်မဲ့ကောင်ပဲ
အိမ်ထောင်ရှိတဲ့လူကို နောက်တယောက်နဲ့ကြိုက်ဖို့ပြောနေတာ ကြည့်စမ်း ၊ မင်းကလူ့အမှိုက်ပဲ ၊မေမီကိုလောက်ကိုမပြောနဲ့ မိုးပေါ်က နတ်သမီးပြုတ်ကျလာရင်တောင်လေ ...ငါ့ကိုကိုနဲ့မလဲနိုင်ဘူး"

"အေးပါကွာ မင်းလိုကောင်က ဘယ်လိုတရားပြပြ  ရမဲ့ကောင်မဟုတ်ဘူးဆိုတာ သိပြီးသားပါ ၊ ပြန်ရအောင် တော်တော်လဲ ညနက်နေပြီ "

Let Me Hug You (Completed)Where stories live. Discover now