Part(22)

5.8K 396 6
                                    

Unicode

အနိုင်ကျင့်မိတဲ့ရလဒ်အဖြစ် နောက်ရက်ကျ ကိုကိုက လွှမ်းကိုစကားမပြောတော့ပဲ အသံတိတ်ဆန္ဒပြလို့စိတ်ဆိုးနေသည်။ သူ့မျက်နှာလေး ကြည့်ပြီးလိုက်လာခဲ့ရတဲ့သူကို ကိုကိုက ပစ်ပယ်ရက်သည် ။ အခုလည်း သူငယ်ချင်းတွေလာခေါ်၍ ကိုကိုပါသွားသည်မှာ နေ့လယ်ကတည်းကပင်။ လွှမ်းမှာသာ အိမ်မှာ မနေတတ်မထိုင်တတ် ကျန်ခဲ့ရသည်။ ကိုအငယ်လေးတို့က အပြင်သွားဖို့ ခေါ်ပေမဲ့ မလိုက်ချင်ပါ။ ကိုကို ဘယ်တော့ပြန်လာမည်ဆိုတာပဲ သိချင်သည်။ ကိုကို့ကိုပဲစောင့်ချင်သည်။ ဒီမြို့က ကိုယ်လမ်းမကျွမ်းကျင်သော နေရာဖြစ်၍ ဘယ်မှလဲ မသွားတတ်။ ဖုန်းလေးတကိုင်ကိုင်ဖြင့်သာ ခြံထဲဆင်းလို့ လမ်းလျှောက်ရင်း ကိုကို့ကိုမျှော်ရသည်။

"သား ထမင်းစားရအောင် "

"မစားသေးဘူး ဖေဖေ ကိုကိုပြန်မလာသေးလို့
စောင့်ဦးမယ် "

"မိုးချုပ်ရင်ချုပ်မှာ စောင့်မနေနဲ့မြေးရေ
အရင်ကလဲ သူ့သူငယ်ချင်းတွေအိမ်မှာ အိပ်နေကျ "

တောင်ကြီးမှာ ကိုကိုက နှစ်အတော်ကြာနေခဲ့သူမို့ သူငယ်ချင်းပေါတာ သူသိသည်။ ဒါပေမဲ့ ကိုကို့ကို သူစောင့်နေချင်သေးသည်။ ဖေဖေနဲ့ဖိုးဖိုးက စားသောက်ပြီး ကိုယ်စီအခန်းထဲ နားနေကြပြီ။ ကိုအငယ်လေးတို့ကလဲ ဒီညမဏ္ဌပ်မှာ ဘယ်မင်းသမီးဆိုလား သီချင်းလာဆိုမှာမို့ တဖွဲ့လုံးသွားကြည့်ကြသည်။ ခြံထဲတယောက်ထဲ ဆင်းထိုင်နေရင်း ဖုန်းသုံးမိတော့ နန္ဒစီက မက်ဆေ့တွေတတောင်တောင်ဝင်လာသည်။ လွှမ်းက သူတို့နှင့်သွားမည့် ကမ်းခြေခရီးကို ဖျက်၍ ကိုကိုနှင့်တောင်ကြီးကိုလိုက်ခဲ့တာဖြစ်သည်။ အခုတော့ ကိုကို့အနားမနေရပဲ တနေကုန်တယောက်ထဲ အထီးကျန်နေရသည်။

နန္ဒပို့သည့်ပုံနှင့်စာတွေက သူတို့အဖွဲ့ဘယ်လိုကဲနေကြောင်း၊ ပျော်နေကြကြောင်း ဒါတွေပဲဖြစ်ကာ လူကပို၍တယောက်ထဲဖြစ်သလိုခံစားရသည်။ မနေနိုင်တော့၍ ကိုကို့ဖုန်းကိုဆက်ဖို့အလုပ်မှာပဲ ကိုကို့စီက ဖုန်းဝင်လာခဲ့သည်။

"ဟဲလို ..."

"ကိုအလွှမ်းရောင်လားမသိဘူး ၊ ကိုစိုင်းက ဒီမှာမူးပြီး ရန်ဖြစ်နေလို့ အမြန်လာပါဦး ၊ တဖက်က လူများတယ်ရှင့် "

Let Me Hug You (Completed)Where stories live. Discover now