Part(4)

5.1K 410 16
                                    

Unicode

ကျောင်းချိန်တွေလဲ မှန်အောင်မတက်၊ ဂိမ်းဆော့ ၊ ဘောလုံးပွဲလောင်း ၊ စော်ပတ်ကြောင်နေသည့် စိုင်းနေမခက ဆယ်တန်းနှစ်ကို ဗေဒင်မေးစရာမလိုပဲကျပါသည်။ ထူးဆန်းသည်က စာအညံ့ကြီးထဲမပါသည့် ကောင်းသူရိန်ကပါ စာမေးပွဲကျတာဖြစ်သည်။ ဆယ်တန်းကျတဲ့ စိုင်းနေက အိမ်မှာ မျက်နှာကောင်းမရတော့။ ဖွားဖွားကြီးက အရှေ့က ကာဆီးကာဆီးပြော‌ကူပေးပေမဲ့ အဆူခံရတာတော့ လျော့မသွားပါ။

"အော် တစ်နှစ်တလေ ခြေချော်လက်ချော်ကျတာကိုကွယ်။ သားကလဲ ကလေးကိုမဆူပါနဲ့
မြေးက ဉာဏ်လေးကောင်းပါတယ်
မေးခွန်းတွေခက်တဲ့နှစ်နဲ့ တိုးလို့ပါ "

"အမေ့မြေးကို အမေပဲကာကွယ်နေလိုက်တော့၊အဲ့ဒါကြောင့် ဒီကောင်ကမ်းတက်နေတာ
ဒီနှစ်တော့ ရှိစေတော့ ၊ နောက်နှစ်တော့ အောင်အောင်ဖြေရမယ်နော် ကြားလား သားကြီး ! "

စိုင်းနေမခကတော့ သူ့အပြစ်နဲ့သူမို့ နားရွက်လေးကုပ်လို့ငြိမ်နေသည်။ ဖေဖေက စိုင်းနေအတွက် ဒီနှစ်မှာတော့ ဂိုက်ဆရာအိမ်ခေါ်သင်ဖို့ စုံစမ်းနေပါတော့သည်။ စိတ်ရှုပ်လွန်းတာကြောင့် စိုင်းနေက အခန်းထဲဝင်အောင်းနေမိသည်။

စာမေးပွဲလေးကျတာကို ။ ဘဝကြီးပျက်သွားတာမှ့မဟုတ်ပဲ လူကြီးတွေက သိပ်အပိုတွေလုပ်တာပဲ။ ဒီနှစ်မအောင် နောက်နှစ်အောင်မှာပေါ့။

ငယ်ရွယ်ပြီး မရင့်ကျက်တဲ့လူငယ်လေးရဲ့အတွေးက လမ်းတွေလွဲမှားလို့ ။ ကောင်းသူရိန်က လိုင်းပေါ်ကနေစာပို့လာသည်။

[အဆင်ပြေရဲ့လား ၊ ငါတော့ အိမ်မှာအဆူခံနေရတယ် ]

[အတူတူပဲ ညကျရင် အပြင်ထွက်မလား
ဖူဆယ်ကွင်းမှာ ဘောလုံးသွားကန်ရအောင် ]

[မရဘူး။ ငါ့အမေစိတ်ဆိုးနေတယ် မင်းလဲငြိမ်နေလိုက်ပါဦး ၊ နောက်တနှစ်အတူကြိုးစားကြမယ် ]

[ ဟုတ်ပြီ ]

"ကိုကို ..."

"ဟာ ဒီကျက်သတုံးကောင် ငါ့အခန်းထဲလာပြန်ပြီလား၊ငါစိတ်သိပ်ကြည်နေတာမဟုတ်ဘူးနော် ထွက်သွား !!! "

"မနှင်ပါနဲ့ ၊ ကျွန်တော်က ကိုကိုတယောက်ထဲဝမ်းနည်းနေမှာစိုးလို့ ဒါလေး... "

Let Me Hug You (Completed)Where stories live. Discover now