Part(25) Final

11.1K 538 39
                                    

Unicode

ဒဂုံဘက်မှာ လက်ရှိဆောက်နေဆဲအိမ်ရာက ပြသနာတချို့တက်နေတဲ့ကိစ္စရော တလက်စထဲsiteအခြေအနေကိုပါ လိုအပ်တာလေ့လာကြည့်ချင်တာကြောင့် ကိုယ်တိုင်လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ခက်တာက အလွှမ်းရောင်က ကန့်လန့်ကန့်လန့်နဲ့ ပါလာတာပါပဲ။

"ဦးနိုင်မော်လဲပါမှာ မလိုက်နဲ့တော့ "

"ကျွန်တော် ကားမောင်းပေးမယ်လေ
ကိုကိုရဲ့ "

ဆရာနိုင်မော်က company ရဲ့အားကိုးအားထားပြုရတဲ့ အင်ယာချုပ်တယောက်ဖြစ်ကာ အတွေ့အကြုံများသူ လူကြီးလဲဖြစ်တယ်။ လူကြီးတယောက်နှင့်အတူသွားရမှာမို့ လွှမ်းကိုမလိုက်စေချင်ပေမဲ့ အလွှမ်းရောက်က ရအောင်လိုက်ခဲ့ပါသည်။ ဦးနိုင်မော်က လူကြီးမို့ ရှေ့ခန်းမှာပဲထိုင်စေတာကြောင့် စိုင်းနေက အလိုလိုနောက်ခန်းရောက်သွားရသည်။ အလွှမ်းရောင်ကတော့ ကားမောင်းရင်း သူ့ကိုကို ကို နောက်ကြည့်မှန်မှ့တဆင့်မကြာခဏခိုးကြည့်ပါသည်။

အိမ်မှာမမြင်ရတဲ့အတိုင်းပဲ ...ဟွန်းး

ဟိုရောက်တော့ ပြသနာဖြစ်သည့်ကိစ္စက မြေနေရာအမွေကိစ္စပဲဖြစ်သည်။ စာချုပ်နှင့်တရားဝင်ရောင်းထားပြီးသည့်မြေကွက်ကို အခုမှ့ သားကြီးဆိုသူက ပေါ်လာကာ သူ့ဆန္ဒမပါပဲရောင်းခဲ့တာမို့တရားမဝင်ဟုဆိုကာ ‌အနှောက်အယှက်ပေးနေခြင်းပင်ဖြစ်သည်။ သူသွားကြည့်တော့ အိုးခွက်ပန်းကန်များနှင့် Ground Beam ချုပ်ထားပြီးသည့် ဆောက်လက်စမြေပေါ်တောင် တက်နေနေ‌လိုက်သေးသည်။ လူကောင်ကကြီးကြီး အခြေခံလူတန်းစားပီပီအသားအရေက ညိုမောင်းနေသည်။ တာဝန်ကျ အင်ယာလေးတွေကလည်းအငယ်တန်းလေးတွေမို့ သူတို့လဲမဖြေရှင်းတတ်ရကာ လုပ်လက်စများရပ်ထားရသည်။

"ပြေပြေလည်လည်ရှင်းရအောင်ဗျာ
ဒီမြေကို မမိုးမိုးခိုင် အမည်ပေါက်က တရားဝင်ဝယ်ယူထားတာပါ ။ ခဗျားတို့ မိသားစုကိစ္စက မောင်နှမအချင်းချင်းပြောကြပါ "

တဖက်ကစကားပြော မချိုသာတဲ့အပြင်ရိုင်းစိုင်းစွာဆဲဆိုလာခဲ့သည်။ မိဘနှင့်ပါကိုင်တုတ်ဆဲလာသည်မို့ စိုင်းနေကလည်း နဂိုကမှ့မဟုတ်မခံဆိုတော့ စိတ်မရှည်စွာပင် ပြန်ပြောမိသွားသည်။

Let Me Hug You (Completed)Where stories live. Discover now