မောင့်ကိုချစ်ပါတယ်-3

1.6K 165 8
                                    

jin-ဟင် ..မင်း..မင်း..
jk- jin
မေမေကအလိုက်သိစွာနဲ့ အိမ်ထဲဝင်သွားသည်
မမျော်လင့်ဘဲ jk ကိုတွေ့လိုက်ရ၍ jin တစ်ကိုယ်လုံးပူထူသွားသည်
jin- မင်းဘာကိစ္စလာတာလဲ ဒီကိုဘယ်လိုရောက်လာတာလဲဟင်
jin အသံတုန်တုန်လေးနဲ့မေးမိသည် jk ပြုံးနေမိသည်
jin ကိုရုံးမှာတွေ့တဲ့ပုံလေးက ရင့်ကျပ်တဲ့ပုံပေါက်နေပေမယ့် အခုပုံလေးကြောင့်မျက်တောင်မခတ်ငေးကြည့်နေမိသည်
hoodie အပန်းရောင်လေးက ဖြူးဖွေးဝင်းမွတ်နေတဲ့အသားရေလေးနဲ့ထင်ဟပ်နေသည်
မျက်နှာလေးမှာ ဖြူစင်ဝင်းနဲ့တဲ့ရေစင်လေးလို့ကြည်လင်နေသည် ဖူးနေတဲ့နှုတ်ခမ်းလေးကရဲရဲစိုနေသည်
jk တံတွေးကိုမျိုချရင် ခြေသလုံးသွယ်သွယ်လေးတွေပေါ်အကြည့်ရောက်သွားသည်.
အိုငါသေပြီ😶 ဒါမဖြစ်နိုင်ဘူးမလား ယောကျာ်း လေးတစ်ယောက်ရဲ့ခြေထောက်ဆိုတာ ဒူးဖုံးမို့ ခြေသလုံးသွယ်သွယ်လေးတွေကအတိုင်းသား
မဖြစ်တော့ဘူးအကြည့်လွှဲမှရတော့မယ်
ဟူး ...ခင်များလေးကလေ တကယ်မလွဲဘူး
ကြာတော့ jin ရှက်လာသည်
jk- jin
jin - မင်းဘာလို့လာတာလဲ ဘာကိစ္စ ရှိလို့လည်း ပြန်ပါ
jk- နှင်လှချည်လားဗျာ ကျွန်တော် jin ကိုလွမ်းလို့လိုက်လာတာ
jin - မနက်ဖြန်မှတွေ့လည်းရတာပဲမင်းတော်တော်အားနေတာလား မင်းအားပေမယ့်ငါမအားဘူးကွ ပြန်တော့
jk- မပြန်နိုင်ပါဘူး အခုတောင် jin ကိုပြန်ပို့တဲ့မာမီ့ကားနောက်ကနေ နောက်ယောင်ခံလိုက်လာရတာဗျသိရဲ့လား
အိမ်ရှေ့မှာထား ထားတဲ့ ဒန်းပေါ်တွင် jk ထိုင်လိုက်သည်
jin က စိတ်ပျက်စွာကြည့်ပြီး
jin- ငါတောင်းပန်ပါတယ် မင်းပြန်ပါတော့ မေမေကလည်း ငါ့ကိုရှုပ်ရှုပ်ယှက်ယှက်လုပ်တာမကြိုက်ဘူး
ပြီးတော့ငါ့မှာ design အကြမ်းဆွဲဖို့ လိုတာတွေစုရအုံးမယ်
jin မျက်နှာလေးကစိတ်ညစ်နေပုံပေါက်နေသည် သူကမြတ်မြတ်နိုးနိုး တန်ဖိုးထားတာကိုနှောက်ယှက်သည်ဟုအထင်ခံရသဖြင့်jk စိတ်တိုသွားသည်
jin-ပြန်ပါတော့နော်
jk-မပြန်ဘူးဗျာ ဘာလဲမပြန်ရင် security ခေါ်အုံးမှာလား ကျွန်တော့်ကိုထိုးမှာလား
jin-မင်းပြောမရဘူးလားကွာ
jin မျက်နှာထားတင်းတင်းလေးနဲ့အော်လိုက်မိသည်
jk ကတော့တုတ်တုတ်မျှမလုပ်
jin- အေးမပြန်လည်းမင်းဟာမင်း တစ်ယောက်ထဲထိုင်နေတော့ ငါတော့အထဲဝင်တော့မယ်
jin အထဲဝင်ဟန်ပြင်လိုက်သဖြင့် jin လက်ကလေးကို jk လှမ်းဆွဲထားလိုက်မိသည်
jin- မင်းဘာလုပ်တာလည်း လွှတ်
ငါ့လက်ကို မင်းဘယ်လိုကောင်လဲကွာ
jk- လွှတ်စေခြင်ရင်အေးအေးဆေးဆေးထိုင်စကားပြောပေါ့ဗျာ
jin - မင်းနဲ့ငါဘာပြောစရာမှမရှိတာ
jk -ကျွန်တော်ကတော့ရှိတယ်
jin- ရှိရင်လည်းငါ့လက်ကိုလွှတ်ပြော
ပြောစရာရှိတာမြန်မြန်ပြောပြီးပြန်တော့

ယောကျာ်း လေးအချင်းချင်းဆိုပေမဲ့ သူနဲ့ကိုယ်နဲ့ အကွာကြီးကွာသည် ဘာတွေစားလို့ လူကောင်အဲ့လောက်ကြီးနေတာလည်းမသိ ဒီလောက်အတင်းရုန်းနေတာတောင်သူ့လက်ကမလွတ်နိုင်
ဒါတောင်သူက ကိုယ့်ထက်ငယ်သည်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now