မောင့်ကိုချစ်ပါတယ်-18

1.2K 129 14
                                    

သူမjin ကို ကျေးဇူးတင်တဲ့အပြုံးတွေနှင့်ကြည့်ပြီး ပြန်ထွက်သွားသည်နှင့်

''မောင့်အသဲ''

jin ကိုယ်လေးကို ထိုင်နေရာမှရင်ခွင်ထဲဆွဲသွင်းလိုက်သည်

''ဟမ်...Jung kook  ဘာလုပ်တာလဲ ငါ့ကိုလွှတ်ပါ..''

jin ထိတ်ထိတ်ပျာပျာနှင့်ပြန်ရုန်းလိုက်သည် အကြောက်လွန်နေတဲ့ jin မျက်နှာလေးကိုကြည့်ပြီး jk ရယ်မိလေသည်

'' မောင့်အသဲမကြိုက်ရင် မောင်ဆင်ခြင်ပါ့မယ်ဗျာ ကဲမောင့်ကိုလမ်းလျှောက်ကျင့်ပေးပါအုံး''

'' Jung kook  ''

''ဗျာ....''

''မောင်ဆိုတဲ့အသုံးနှုန်းမသုံးဖို့ jin တောင်းပန်ပါရစေ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်အနေနဲ့ jin
jung kook ကိုကူညီပါရစေ''

jk မျက်နှာလေးညိုးကျသွားသည် jin ပြောတာလည်းဟုတ်သားပဲလေ သူနဲ့jin ဘဝကအဝေးကြီးဝေးကွာသွားခဲ့ပြီပဲဟာ
မောင့်အသဲရယ်မောင့်ရင်ထဲမှာခံစားနေရပါပြီ မောင့်အသဲကမောင်ထင်တာထက်ပိုပြီးစိတ်သဘောထားပြည့်ဝလွန်းတယ်သဲငယ်လေးရယ်

''jk jin တို့ ခြံထဲဆင်ကြစို့နော်....''

''ကောင်းသားပဲ မောင့်...ဟို hyung''

jin ဘီးတပ်လှည်းလေးကိုခြံထဲအသာတွန်းယူခဲ့သည်
jin တို့ခြံထဲရောက်လာကြသည် နှင်းဆီပန်းရနံလေးများကလေပြည်နှင့်အတူသင်းသင်းလေးရောထွေးပါလာ၏

''အား.....ရင်ထဲအေးသွားတာပဲ hyung  ရယ်''

jkစိတ်တွေလန်းဆန်းလာသည်

လွမ်းနေရတဲ့ ချစ်ရသူသဲငယ်လေးရယ့်မျက်နှာလေးကိုနီးနီးကပ်ကပ်မြင်နေရသဖြင့် ပီတိဖြစ်လို့မဆုံးတော့

''jung kook ''

''ပြောလေ hyung''

''အခုလောလောဆယ်တော့ ခြေထောက်ကြွက်သားတွေသန်မာအောင်ကွေးချည်ဆန်ချည်လုပ်ကြည့်ရအောင်နော် မနက်ဖြန်ကျမှခြံ ထဲမှာလမ်းလျှောက်ကျင့်ဖို့လုပ်ရအောင်''

''hyung သဘောပဲလေ''

jk ကို Wheelchair ပေါ်မှာပဲထိုင်စေသည်
jin မြေပြင်ပေါ်ဒူးထောက်ထိုင်လိုက်ပြီးjk ခြေထောက်တွေကို ကွေးချည်ဆန့်ချည်လုပ်ပေးနေမိ၏

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now