မောင့်ကိုချစ်ပါတယ်-15

1.2K 126 8
                                    

jk စိတ်တွေလှုပ်ရှားလွန်းနေသည်
ဧည့်ခန်းထဲတွင်မာမီတို့အုပ်စုဧည့်သည်တွေနဲ့တွေ့နေ၏Shinna သူငယ်ချင်းတစ်သိုက်ထပ်ရောက်လာသည်

jk ခေါင်းကိုက်နေသည်ဟုအကြံပြကာအခန်းထဲဝင်လာသဖြင့်Shinna အလိုက်သိစွာjk နှင့်မိတ်ဆက်ပေးဖို့မခေါ်တော့

jk ရင်ထဲမှာ jin ကိုသနားလို့မဆုံးတော့
ချစ်ရသူလေးအိပ်ခန်းထဲတွင်အားငယ်စွာငိုရှိုက်နေတော့မည်

jk တောင်းပန်ချင်သည်

jin ပေးမယ့်အပြစ်တွေကိုခံယူချင်မိသည်

jk jin အခန်းထဲလိုက်ပြီးတောင်းပန်ဖို့ဆုံးဖြတ်လိုက်သည်

မယောင်မလည်နှင့်အပြင်ပြန်ထွက်လာခဲ့သည်

ဧည့်သည်တွေနှင့်ရှုပ်ထွေးနေကြသဖြင့် jk ကိုဘယ်သူမှသတိမထားမိကြ
အလစ်တွင်jk အပေါ်ထပ်ကိုသုတ်ခြေတင်ခဲ့သည်

jk ထင်သည့်အတိုင်းပင် ချစ်ရတဲ့သူလေးတစ်ယောက်အိပ်ရာပေါ်မျက်နှာအပ်ကာကျိတ်၍ငိုရှိုက်နေသည်

jk စိတ်တွေလွတ်သွား၏
jin ပခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်ကာjin ကိုယ်လေးကိုသူ့ရင်ခွင်ထဲဆွဲပွေ့ယူလိုက်မိသည်

''ဟင်....''

jinအံဩပြီးကြောင်နေသည်

''မင်း... Jung kook ..ဒီအခန်းထဲဘာလာလုပ်တာလဲ အန်တီတို့ Shinna တို့သိရင် ဒုက္ခ ရောက်ကုန်တော့မှာပဲ ထွက်သွားပါ ငါတောင်းပန်ပါရစေ''

jin အသံတုန်တုန်လေးနှင့်ပြောမိသည်

jkကဂရုမစိုက်သလိုမျက်ရည်တွေလိမ်းကျံနေတဲ့ jin ပါးလေးကိုသူ့ပါးလေးနှင့်ထိကပ်ထားလိုက်သည်

''မောင့်အသဲကို မောင်တောင်းပန်ဖို့လိုက်လာခဲ့တာပါမောင့်အသဲမောင့်ကို
ခွင့်လွှတ်ပါ သဲငယ်ရယ် မောင်အခုနောင်တရနေခဲ့ပါပြီ မောင့်အသဲခံစားရသလိုမောင်လဲခံစားနေရပါပြီ စောစောကသာ သဲငယ်ရှင်းပြတာကိုမောင်လက်ခံခဲ့ရင်အခုလိုဝမ်းနည်းကြေကွဲစရာတွေတွေ့ရမှာမဟုတ်ဘူး သဲငယ်ရယ်''

jk အသံတွေကတုန်ယင်လှိုက်ခါနေသည်

jin jk ရင်ခွင်ထဲကရုန်းထွက်၏

မောင့်ကိုချစ်ပါတယ်  (complete)Tempat cerita menjadi hidup. Temukan sekarang