မောင့်ကိုချစ်ပါတယ် -20

1.2K 130 10
                                    

အခုရက်ပိုင်း Shinna တစ်ယောက်အချိန်ပြည့်အပြင်ထွက်နေတက်သည်မို့ သူမစိတ်အေးနေသည်

သားလေး jk အတွက်ကတော့ တစ်နေ့မှ စိတ်မချမ်းသာနိုင်ဖြစ်နေသည်.အပြင်မထွက်တာတစ်ပတ်လောက်ရှိပြီ  jin ကိုအတင်းနမ်းတဲ့နေ့မှစ၍ပင် သူမမြင်သည် သို့ပေမယ့် သားလေးအကြောင်းသိသူမို့ ကြည့်နေယုံမှပင် jin လေးကိုလည်းသနားမိတယ့်ဖြစ်ခြင်း သားလေးရဲ့တဇွတ်ထိုးအကျင့်တွေကဆိုးလွန်းသည်

အခုလည်းအစားလည်းဟုတ်တိပတ်တိမစားဘဲ ငေးမှိုင်နေတက်သည်
စကားလည်းကောင်းကောင်းမပြော
သားရဲ့အခန်းလေးဘက်သို့ခြေဦးတည့်လိုက်ပြီး

''jk..."

jk ငိုင်နေသည်

"မာမီ...........မာမီလေ အလျှော့ပေးလိုက်ပါပြီသားရယ် ပြီးတော့ Shinna ကိုကွာရှင်းပြတ်စဲတာတွေမလုပ်ဘူးလို့မာမီ့ကိုကတိပေးစမ်းပါသား သားလေး
ဆန္ဒ အတိုင်းမာမီလိုက်လျောပါမယ်"

jk မျက်ဝန်းတွေရွှန်းလဲ့တောက်ပလာသည်
အရေးကြီးတာက ချစ်ရသူလေးနှင့်jk နီးစပ်စွာနေရဖို့ပဲမဟုတ်လား

''သားကတိပေးတယ် ပြီးတော့ hyung ကိုကျွန်တော့်အနားမှာခေါ်ထားခြင်တယ်''

"သားကတိတည်ပါနော်''

''တည်မှာမို့သားပြောတာသာဂရုစိုက်ပေးပါ''

jk ပြောရင်း  wheelchair လက်ကိုင်ကိုအားပြုကာ အိပ်ယာဘက်သို့ကူးလိုက်သည်
jk ရင်ထဲမှာအပျော်တွေတိုးဝင်လာသည်
စိုးရိမ်းမိတာတစ်ခုပဲရှိတယ်
hyung ဘက်ကငြင်းလိုက်မှာကိုပင်

.........
jk ထင်တဲ့အတိုင်းပင် jin အတင်းငြင်းမိသည်
မောင် တို့အိမ်ထောင်ရေးလေးကို ကိုယ့်ကြောင့်မပြိုကွဲစေခြင်ပါ ပြဿနာလည်းမတက်စေခြင်ပါ jin စေတနာရယ်ပါလေ

''စဥ်းစားပါဦး jin ရယ် သားလေးကjin နဲ့မှလေ့ကျင့်ခန်းလုပ်ဖြစ်မှာမို့ပါ အန်တီလည်းကျန်းမာရေးမကောင်းလို့ပါ သားရယ်''

jin ခေါင်းကိုခါယမ်းလိုက်သည်
မောင့်ကိုပြုစုခြင်ပေမယ့်ဒီတစ်ခါတော့ jinငြင်းခြင်မိသည်

''မဖြစ်ဘူးအန်တီ Shinna နဲ့ပြဿနာထပ်မဖြစ်ပါရစေနဲ့ဗျာ သူ့ယောကျ်ားကိုချူစားနေတဲ့ပိုင်းလုံးကောင်လို့ကျွန်တော်ထပ်အမြင်မခံနိုင်တော့ဘူး''

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now