မောင့်ကိုချစ်ပါတယ်-27

1.5K 130 8
                                    

Busan မှာရှိတဲ့  ရွာလေးမှာ မူလတန်းပြနေတဲ့ကျောင်းဆရာလေး Kim seok jin

ဆရာချောချောလှလှလေးမို့ တစ်ရွာလုံးကဝိုင်းပြီးချစ်နေကြသည် အရိပ်တကြည့်ကြည့်

jin လည်းသည်ရွာလေးမှာနေရတာပျော်နေမိသည်

ရောက်စကမနေတတ်မထိုင်တတ်ဖြစ်နေသေးသည်

ငယ်သူငယ်ချင်း jhope ၏အကူအညီ
ဖြင့်သည်ရွာလေးတွင် မူလတန်းပြဆရာအလုပ်ကိုရခဲ့၏

jin နေဖိုအိမ်လေးတစ်လုံးကိုဆောက်ပေးထားသည်

ရွာဆိုသည့်အတိုင်းခမ်းခမ်းနားနားမရှိပေမယ့်နေချင့်စရာကောင်းအောင်ဆောက်ပေးထားတာပင်

သူငယ်ချင်းအိမ်လိုက်နေလို့ရပေမယ့် သူကမိသားစုနဲ့မို့ပင် အပူမပေးချင်တာနှင့်ကိုယ့်အတွက်ဆောက်ပေးထားတဲ့အိမ်လေးမှာပင်အပူပင်မရှိနေလိုက်မိသည်

jin တို့ကျောင်းပိတ်ရက်ဆိုလျှင် ကျောင်းစောင့်ပေးတဲ့ ဦးလေးကြီးကမြို့တက်ပြီးစားစရာသောက်စရာတွေဝယ်လေ့ရှိသည်

အခုလည်းညနေစောင်းမှ ဦးလေးကြီးပြန်လာသည်

''ဆရာလေးပင်ပန်းနေပြီလားဗျ''

''မပင်ပန်းပါဘူး ဦးလေးရယ်ပြောင်းပြန်တွေပြောနေတယ် ဦးလေးကိုမေးရမှာကျွန်တော်က''

''ဆရာလေးရယ် ကျွန်တော်ကတစ်ရွာလုံးအစားဆရာလေးကိုတကယ်ကျေးဇူးတင်တယ်ဗျာ ကလေးတွေကိုစိတ်ရှည်လက်ရှည်ကိုသင်ပေးတာ ''

''အာ မဟုတ်တာ ဆရာဆိုတာအဲလိုပဲလေ ပေး ပေး ကျွန်တော့်ကို ပစ္စည်း တွေ ကျွန်တော်ချက်လိုက်တော့မယ် ဦးလေးနားတော့''

''နေပါစေ ဆရာလေးရယ် ဦးလေးလည်းကူမယ်လေကွယ် ''

jin ပစ္စည်း တွေလှမ်းယူလိုက်သည်
ခြင်းဘေးလေးမှကပ်ထားတဲ့သတင်းစာလေးကိုအမှတ်မထင်ကြည့်မိသွားသည်

jin မျက်ဝန်းအစုံဝိုင်းစက်သွားသည်
နာရေးကြော်ငြာလေးတစ်ခု jin သေသေချာချာလေးဖတ်လိုက်မိသည်

jeon company မှ ဥက္ကဋ္ဌ jeon juhae နာရေးကြော်ငြာလေးပင်

ကွယ်လွန်သူ
Jeon juhae
အသက် -58

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now