မောင့်ကိုချစ်ပါတယ်-26

1.4K 124 13
                                    

''သား hyung ကိုလိုက်ရှာမယ် မာမီ hyung ကိုသားမခွဲနိုင်ဘူး Kim seok jin ဆိုတဲ့လူသားမရှိရင် သားဘဝလဲ အဓိပ္ပာယ်မရှိတော့ဘူး မာမီရယ် သားလိုက်ရှာမယ်''

jkရင်ထဲမှာကြေကွဲဝမ်းနည်းမှု့တွေနှင့်ဆို့နင့်နေသည်
ချစ်ရတဲ့သူကသူ့အတွက်ကြောင့်ဒီလိုအနစ်နာခံပေးခဲ့တယ်ဆိုတဲ့အသိ
ကြောင့်သူ့စိတ်တွေဆောက်တည်မရအောင် ခံစားနေရ သည်

jk ယောကျာ်းတန်မဲ့ မျက်ရည်ကျမိသည်

ချစ်ရသူနှင့်လမ်းလျှောက်လေ့ကျင့်တဲ့နေရာလေးကို jk ရောက်လာခဲ့သည်
တန်းလေးကိုဆုပ်ကိုင်ကာ jk ငိုင်နေမိ၏

သားကိုကြည့်ပြီး Jeon juhae စိတ်မကောင်းနိုင်တော့ပါ

jin ကိုလည်းသားအရင်းလေးတစ်ယောက်လိုသံယောဇဥ်တွယ်နေခဲ့သည်
သားခြေထောက်တွေပြန်ကောင်းသွားတာ jin ကြောင့်ပဲမဟုတ်လား

မိမိတောင်နှမြောတမ်းတနေသေးတာသားလေး jk ရင်ထဲမှာ ဘယ်လောက်ခံစားနေရရှာမလဲ

မနက်က ကိစ္စတွေကို သူမအကုန်သိပြီးပါပြီ Shinna ဒယ်ဒီကိုယ်တိုင် Company ထဲထိသားနှင့် jin အကြောင်းကိုတိုင်ခဲ့၏
သူ့သမီးကိုကွာရှင်းပြတ်စဲဖို့နှင့်ရုံးတော်ကနေတရားစွဲမည်ဖြစ်ကြောင်းခြိမ်းခြောက်ကာ ထွက်သွားသည်
မိမိအိမ်ပြန်ရောက်တော့ jin အိမ်ကထွက်သွားပြီတဲ့

jin စာလေးကထွေထွေထူးထူးတော့မဟုတ်
သားလေး jk ခြေထောက်ပြန်ကောင်းသွားပြီဖြစ်၍ သူတာဝန်ကျေသွားပြီဆိုတဲ့အကြောင်းနှင့် ကျေးဇူးရှိခဲ့တဲ့အန်တီတို့သားအမိကိုဒီတသက်ကျေးဇူးမမေ့ပါဘူးဆိုတဲ့အကြောင်းရာလေးတွေများသာ

''အန်တီ သမီးလေ ကိုလေးကိုထွက်မသွားဖို့တောင်းပန်ပါသေးတယ် သူမရှိမှပြဿနာတွေအေးသွားမှာတဲ့ Surri အရမ်းဝမ်းနည်းတာပဲသိလား ''

Surri တစ်ယောက်ပြောလည်းပြော
ပါးပြင်တစ်ခုလုံးမှာနေရာယူနေတဲ့ မျက်ရည်းများကို လက်ဖမိုးနှင့်သုတ်နေသည်

''အေးပါသမီးရယ် သမီးမငိုနဲ့တော့ တိတ်တော့နော် သမီးငိုမှတော့
သမီးကိုငယ်လေးကပိုဆိုးသွားလိမ့်မယ်သွား ဒီနေ့စောစောနားတော့''

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now