မောင့်ကိုချစ်ပါတယ် -23

1.2K 112 14
                                    

''Shinna ''

Shinna မျက်နှာမသာမယာဖြစ်နေသဖြင့် gm အကဲခတ်နေမိသည်

''ငိုင်လှချည်လား Shinna ရာ အိမ်နဲ့အဆင်မပြေဘူးလား''

''ဟုတ်တယ် g ရယ်Shiina သိပ်စိတ်ညစ်တာပဲ jin ဆိုတဲ့ကောင်ကို ဟိုသားမိကအရေးပေးနေတာ Shinna မကျေနပ်ဘူးသိလား''

''jin''

jin ဆိုတဲ့ကောင်လေးကို gm သိတာပေါ့ လှသလောက်မာနကြီးလွန်းတယ်
တစ်ချိန်ကသူကိုယ်တိုင် jin ဆိုတဲ့ကောင်လေးကိုအပိုင်သိမ်းဖို့ jeon juhae နှင့်ပေါင်းပြီးကြံခဲ့သေးသည်မဟုတ်လား

jk အချိန်မှီရောက်လာသဖြင့်သူ့လက်ထဲက jin ဆိုတဲ့ကြွေရုပ်လေးလွတ်မြောက်သွားခဲ့ရခြင်းပင်
ပထမတော့ဟုတ်မလိုလိုနဲ့ နောက်ပိုင်း Jeon juhae. အဖျားရှူးသွားသည်
Company ရဲ့အဓိက Brand တွေကိုပုံမှန်ဆိုသူ့အရင်ရောင်းပြီးမှကြေငြာ တင်သွင်းလေ့ရှိတယ့်သူကနောက်ပိုင်းသူ့ဆီသို့ Brand အသစ်မထွက်သေးဘူးဟုဆိုကာသူနှင့်လည်းပတ်သပ်မှု့မရှိတော့
jin ကလည်းအရင်ကထက် company ကိုအလာနည်းသွားသည် brand တွေလည်းကြေငြာမပေးဖြစ်တော့ပေ

ဒီအဖြစ်ပျက်တွေကို Shinna လုံးဝမသိ jeonအိမ်တော်ကမိသားစုတွေနဲ့လည်းလုံးဝမသိသလို gm နေခဲ့သည်
Shinna ကိုတော့ မြင်မြင်ချင်း jeon အိမ်တော်ကချွေးမမှန်းgm သိသည်
တမင်ခင်မင်ရင်းနှီးခွင့်ရအောင်သူကြိုးစားခဲ့သည်

Shinna ကချူလို့တော့ကောင်းသား
gm တောင်းသမျှငွေကိုပေးသည်
ဟိုတလောကပဲ နောက်ဆုံး model ကားလန်းလန်းတစ်စီးကိုရောင်းပြီးသူ့ကိုပေးခဲ့သည်မလား

လူကိုတော့ရိုးအီနေပါပြီငွေထော၍သာ gm မခွာသေးခြင်းဖြစ်သည်

''g''

''ပြောလေ Shinna''

''Shinna တို့လက်ထပ်ကြရအောင်ကွာ''

Shinna စကားကြောင့် gm ရင်ထဲထိတ်ခနဲဖြစ် သွားသည်
သူ Shinna ကိုလက်ထပ်ဖို့ဘယ်တော့မှစိတ်မကူးခဲ့ပါ
အပျော်သဘောသာထားခဲ့ပြီး ငွေချူကောင်း၍သာတွဲခဲ့ခြင်းပေ
သူကိုယ်တိုင်လည်းဥပဒေနဲ့မကင်းတဲ့ဆေးသုံးစွဲနေ၍မိဘတွေကအမွေဖြတ်ထားခံရသည့်အတွက် Shinna လိုငွေချူကောင်းတဲ့သူကိုသူတွဲခဲ့သည်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now