မောင့်ကိုချစ်ပါတယ်-19

1.2K 125 1
                                    

Shinna တစ်ယောက်ခြေသံကိုခပ်ပြင်းပြင်းနင်းကာအိမ်ထဲဝင်လာသည်

ဘယ်လောက်များမခံချင်စရာကောင်းလိုက်လဲ
Shinna ပိုပြီးမနာလိုဖြစ်မိတာက လူတကာငေးပြီးကြည့်မိလောက်အောင်ထိလှတဲ့ jin အလှကိုပါ
သည်အလှကြောင့်ပင်သဘာဝကိုဆန့်ကျင်ပြီး jk တစ်ယောက် jin နောက်ကောက်ကောက်ပါအောင်လုပ်သွားတာမဟုတ်လား

''တောက်''

ဒီကိစ္စကို အန်တီ့ကိုတိုင်ပြောရမယ် အဓိကအကျဆုံးက jin ဆိုတဲ့ကောင်အိမ်မှာမရှိဖို့ဘဲမဟုတ်လား
တစ်အိမ်လုံးက jin ကိုအရေးပေးလာမှာ Shinna မလိုလားပေ
jin အိမ်မှာရှိနေတာမကြိုက်တဲ့အကြောင်းကိုဖွင့်ပြောဖို့ jk အမေအခန်းထဲဝင်လိုက်သည်

အိပ်ရာပေါ်မှာလှဲနေတဲ့ Jeon juhae Shinna ကိုတွေ့လိုက်ရသဖြင့်နေရာကနေလူးလဲထလိုက်မိ၏

''Shinna..... သမီးပါလား မျက်နှာလဲမကောင်းဘူး ဘာဖြစ်လာတာလဲဟင်
မာမီ့ကိုပြောပါအုံး မာမီရင်ထိတ်လိုက်တာကွယ်''

Shinna ကမိမိကိုအန်တီ jeon ဟုသူမခေါ်နေကျအတိုင်းခေါ်တက်ပေမယ့်သားနှင့်လက်ထပ်ပြီးသည့်နေ့ကမှစ မိမိကတော့ Shinna နဲ့စကားပြောတိုင်းမာမီဟုပင်သုံးသည်

ဘယ်လောက်ပဲစိတ်သောကတွေရောက်နေရောက်နေ Shinna ရှေ့ရောက်လျှင် မိမိမျက်နှာပေါ်တွင်အပြုံးတွေဝေနေစမြဲ

အခုလည်းသားအတွက်စိတ်သောကရောက်ပြီးသွေးတိုးနေတဲ့ကြားကပင် Shinna မျက်နှာမသာမယာဖြစ်နေတာတွေ့ရ၍ထိတ်ခနဲ့ဖြစ်သွားမိ၏
ခေါင်းထဲမှာမူးနောက်နောက်ဖြစ်နေတာကိုပင်အရေးမစိုက်ဘဲမျက်နှာချိုသွေးလိုက်ရသည်

''ထိုင်လေ သမီး''

မိမိဘက်ကသမီးချင်းထပ်နေသလောက် သုန်မှုန်နေတဲ့ Shinna မျက်နှာကပြောင်းလွဲမသွားပေ
ခုတင်ပေါ်ဆောင့်ဆောင့်အောင့်အောင့်ဝင်ထိုင်လိုက်သည်

''အန်တီ jeon''

''ပြောသမီး''

''jkနဲ့jin ပလူးပလဲလုပ်နေတာကို Shinna မကြိုက်ဘူး''

''ဟင်...''

Jeon juhae မျက်လုံးပြူးသွားရသည်
သားနဲ့ jin ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေတာ Shinna တွေ့သွား၍ဖြစ်မည်
မိမိကိုယ်တိုင် jin ကိုတောင်းတောင်းပန်ပန်နှင့်ခိုင်းထားရတဲ့ ကိစ္စ
သည်နေ့မှ Shinna အစောကြီးပြန်လာသည်
အမြဲတမ်းမိုးချုပ်မှပြန်လာနေကျဆိုတော့ မိမိမှာပြဿနာမဖြစ်တန်ကောင်းဟုထင်ခဲ့မိသည်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now