မောင့်ကိုချစ်ပါတယ်-14

1.2K 138 16
                                    

jk နှင့် Shinna တို့ရဲ့လက်ထပ် မဂ်လာပွဲကို ဘုရားကျောင်းမှာ ကြီးကျယ်ခမ်းနားစွာကျင်းပသည်

သတိုးသမီး Shinna တစ်ယောက်ပျော်ရွှင်စွာ အပြုံးတွေဝေနေသလောက် သတို့သား jk အပြုံးအရယ်ကင်းမဲ့စွာ တည်ငြမ်နေသည်

ဘာမှန်းမသိ
jk ရင်ထဲမှာ တစ်စုံတစ်ခုကို အလိုမကျသလိုဟာတာတာကြီးဖြစ်နေသည်

သည်ပွဲမှာသတို့သားအရန်က
Kim soek jin
အန်တီကအတင်းအကျပ်လုပ်ခိုင်းသ
ဖြင့် jin မလွဲမရှောင်ဘဲသတို့သားအရန်ဖြစ်ခဲ့ရပါသည်

jin သူ့အနားမှာရှိနေသည်ကိုပင်jk မကျေမနပ်ဖြစ်နေမိ၏

အံကိုတင်းတင်းကြိတ်ထားသဖြင့်မေးကြောကြီးများပင် ထင်းနေသည်

jin မျက်ရည်ဝဲနေရပါပြီ
ချစ်ရသူ မောင်...jin အပေါ်အထင်လွဲနေသည်ကိုရှင်းပြခွင့်မရခင်မှာအခြားသူတစ်ဦးနှင့်လက်ထပ်သွားခဲ့သည်

မောင့်ကို jin အပြီးပိုင်စွှန့်လွှတ်လိုက်ရပြီဖြစ်၏
jin ရင်ထဲကျိတ်ပြီးငိုနေမိသည်

လှပဝေဆာတဲ့ ပန်းခြင်းလေးကိုကိုင်ပြီးjk နှင့်ယှဥ်တွဲကာ ကော်ဇော်အနီရောင်တွေခင်းထားတဲ့လမ်းတစ်လျှောက် တစ်လှမ်းချင်းလျှောက်လာနေ၏

''ဟဲ့ဟိုမှာ သတိုးသားအရန်လေးကချောလိုက်တာနော်''

''အိုမိုဟုတ်ပရယ် ငါရဲ့ရည်းစားလေးဖြစ်စေခြင်လိုက်တာ''

''ချစ်စရာကောင်းလိုက်တာနော်''

''ဒီလိုသားလေးမျိုး 10ယောက်လောက်မွေးထားခြင်လိုက်တာ ပါးဖောင်းဖောင်းလေးတွေနဲ့''

''ဟုတ်ပရယ်''

ပရိတ်သပ်ထဲကချီးမွမ်းသံတွေထွက်လာသည်
jin အလှကိုချီးမွမ်းသံကြားရလေ jk ဒေါသဖြစ်လေ

သူ့လိုကောင်မျိုးအကျင့်တွေကိုမသိလို့ ချီးမွမ်းနေကြတာဖြစ်မှာပေါ့
သူလည်းတစ်ချိန်က ယစ်မူးစွဲလမ်းခဲ့ရသည်မဟုတ်လား

Time skip

မဂ်လာဧည့်ခံပွဲပြီးတော့jin အိမ်တော်ကိုအမြန်ဆုံးပြန်လာခဲ့သည်

သူအခန်းထဲပြေးဝင်ကာဝမ်းနည်းနာကျည်းစွာ ငိုလျလိုက်မိ၏

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now