မောင့်ကိုချစ်ပါတယ်-24

1.2K 121 9
                                    

Jeon juhae. သတိပြန်ရလာသည်
ထိကပ်နေတဲ့မျက်ခွံနှစ်ခုဖျက်ခနဲအဖွင့်တွင်မျက်နှာကြပ်အမိုးဖြူဖြူတွေကိုပထမဆုံးမြင်လိုက်သည်

မိမိအိပ်ခန်းမဟုတ်တာတော့သေချာသည်

ပြီးတော့စိုးရိမ်နေတဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုကြည့်နေတဲ့ကြင်နာတက်တဲ့မျက်လုံးအစုံပိုင်ရှင် jin လေး

စိုးရိမ်သောကဝေနေတဲ့ jinမျက်ဝန်းလေးတွေတောက်ပလာသည်

''အန်တီ အန်တီသတိရလာပြီနော်''

''jin''

jin လက်လေးကို Jeon juhae ဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိသည်

''အန်တီဘယ်ရောက်နေတာလည်းသားရယ်''

''ဆေးရုံလေအန်တီ''

''ဆေးရုံ....."

''ဟုတ်တယ်လေ အန်တီမူးလဲကျသွားလို့ဆေးရုံတင်ထားရတယ်ဆိုလို့ကျွန်တော်လိုက်လာတာစိတ်ပူလိုက်ရတာအန်တီရယ်''

မိမိတို့သားအမိပေါ်သံယောဇဥ်ကြီးလှပါလားjin လေးရယ်
မျက်ရည်ဝဲလုမတက်သူကြည်နူးသွားရသည်

''သားလေး jk ရော jinလေး''

''jk ကိုတော့အသိမပေးခဲ့ရသေးဘူးအန်တီ ရုတ်တရက်သူစိတ်ထိခိုက်သွားမှာဆိုးလို့ပါ''

သိတက်လိုက်တာ jin လေး ရယ်Shinnaနှင့်တခြားစီပါပဲလား
ဆင်းရဲတာလေးတစ်ခုရယ် ယောကျာ်း လေးချင်းချစ်ကြိုက်တာကိုအပြစ်လို့ထင်ကာသားလေးjk နှင့်jin လေးကိုရက်စက်စွာသူမခွဲခဲ့မိသည်

နောင်တရလို့မဆုံးတော့

''jin''

''ဗျာ....."

''အန်တီ jin အပေါ်မှာခဲ့တာတွေရှိရင်
ခွင့်လွှတ်ပါလို့အန်တီတောင်းပန်ပါရစေ''

''အန်တီရယ် ကျွန်တော့်ကျေးဇူးရှင်တွေအပေါ်မှာ ကျွန်တော် ဘယ်တော့မှအပြစ်မတင်မိပါဘူးဗျာ''

''သားရယ် အန်တီ့သားလေးသာဖြစ်လိုက်ပါတော့ကွယ်''

Jeon juhae ရင်နစ်အောင်ခံစားရသည် jin လေးရဲ့ဖြူစင်မှု့ကိုသူဘယ်လိုပဲတောင်းပန်တောင်းပန်မကျေမှန်းသိပေမယ့် jin လေးရဲ့ခွှင့်လွှတ်တယ်ဆိုတဲ့အသံနဲ့တင်ကျေနပ်ချင်မိသည်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now