မောင့်ကိုချစ်ပါတယ်-16

1.2K 126 11
                                    

''အန်တီဖုန်းလာနေတယ်''

''ပေးပေး...ဟဲလို.....ပြောပါ''

''jeon jung kook တို့အိမ်ကလား ဗျ''

''ဟုတ်ပါတယ်ကျွန်မ jung kook အမေပါ''

''အတော်ပဲဗျာ... jeon jung kook
Car accident ဖြစ်လို့ဆေးရုံရောက်နေပါတယ်''

''ရှင်...သားလေး...
သားလေး.....အသက်....အသက်''

''အသက်ကတော့စိုးရိမ်စရာမရှိပါဘူးသူအရမ်းကံကောင်းတယ်ဆိုရမှာပဲ ဒဏ်ရာကတော့နည်းနည်းပြင်းတယ်ဆေးရုံကိုသာလာခဲ့ပါလေ''

''ဟုတ်...ဟုတ်ကဲ့ အခုလာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်နော်''

jeon juhae ဖုန်းချသွားသည်နှင့်သားအတွက်စိုးရိမ်သောကစိတ်ကြောင့်တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်နေ၏

''jin.....jin သားjin''

''ဗျာ...ဗျာအန်တီ''

''သား....သားဆေးရုံရောက်နေတယ်တဲ့အခုပဲဖုန်းဆက်တယ် Shinna ကိုသွားပြောပေးစမ်းပါ ကားနဲ့သစ်ပင်ဝင်တိုက်လို့တဲ့ ဒဏ်ရာပြင်တယ်တဲ့ ဆေးရုံးသွားရမှာမို့မြန်မြန်ပြောပေးပါ''

''ဗျာ......ဟုတ်ကဲ့ ကျွန်တော်ကော်လိုက်ရမှာလားဗျ''

''ဟင့်အင်း....Shinna နဲ့ပဲသွားမယ်''

''ဟုတ်..ဟုတ်''

အန်တီ့ရှေ့မှာမှာဟန်ဆောင်နေရပေမယ့် jin လည်း jk အတွက်စိတ်ပူနေမိသည်jin ဘဝကိုကြည့်ပါဦး
သူနှင့်jk အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ
ဒါပေမယ့်....
jk နှင့်jin ဘာမှမဆိုင်တော့ပေ
ချစ်သူကိုအပြေးသွားကြည့်ချင်ပေမယ့် jinမှာအခွင့်ရေးရှိပမလား
jin မျက်ရည်မကျအောင် သွားလေးနှင့်အောက်နှုတ်ခမ်းသားလေးကိုဖိကိုက်ထားရသည်

အိပ်ရာပေါ်မျက်နှာမှောက်ကာ Shinna ငိုနေမိသည် စိတ်ထဲမှာလည်းမခံချိမခံသာဖြစ်နေ၏
မဂ်လာဦးည မဂ်လာယူရမယ့်အချိန်တွင်jk တစ်ယောက်သူမအနားမှာမရှိ
လျှောက်လည်နေသည်

Shinna ကိုအလေးနက်မထားတဲ့သဘောပေါ့
jk ပြန်လာရင်ရန်တွေ့ပြစ်ဖို့ Shinna တွေးထားမိသည်

''Shinna''

''ဟမ်...:..:''

ခြေသံကြားသဖြင့် jk ထင်ပြီးစိတ်ကောက်ရန်တွေ့ဖို့ပြင်နေတဲ့ Shinna တစ်ယောက်jin ဖြစ်နေသဖြင့်အံဩမိသွားသည်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now