မောင့်ကိုချစ်ပါတယ် -5

1.3K 145 2
                                    

shinna ကိုပြန်ပို့ပြီး jin တို့အိမ်ဘက်ကိုကားမောင်းထွက်ခဲ့သည်
jin တို့အိမ်ရှေ့မှာကားရပ်သည်နှင့်jk သူရဲ့ချစ်ရတဲ့အသဲလုံးလေးကိုရှာနေသည်.
အိမ်လေးထဲသို့အသံမပေးဘဲတန်းဝင်လာသည်
jin-ဟင်.......
jk ဝင်လာတာကိုမြင်လိုက်သည့်jin အံ့ဩားသင့်သွားသည်
စိတ်လည်းတိုသွားမိသည်
အိမ်မှာမားမား မရှိလို့တော်သေးတာပေါ့
jin အိမ်ပြန်ရောက်ရောက်ချင်း မားမားသူငယ်ချင်းလာခေါ်သဖြင့် မားမား လိုက်သွားသည်
နည်းနည်းမိုးချုပ်မည်တဲ့
မားမားမရှိသဖြင့် jin စိတ်အေးသွားရသည်
jk-jin
သူကို jin မျက်မှောင်ကြုတ်ပြီး ခပ်တည်တည်ကြည့်လိုက်သည်
jin-မင်း လာပြန်ပြီလား
jk-လာရတာပေါ့ ဟိုနေ့က စဥ်းစားခိုင်းထာတာလေး အဖြေလေးသိချင်လို့
jin-ဘာ ငါက မင်းကို စဥ်းစားပေးမယ်လို့ရောပြောလိုက်လို့လား
jk-ပြောပြော မပြောပြော ကျွန်တော်က တော့ ဒီနေ့ အသဲလုံးလေးဆီကအဖြေရမှပြန်မှာ
jin-ဘာ မင်းငါ့ကိုဘယ်လိုခေါ်တာ
jk-ထပ်ကြားချင်လို့ ညဏ်စဥ်တာလား
မပူပါနဲ့ မောင်က နောက်ရက်ကစပြီးအသဲလုံးလေးလို့ အမြဲခေါ်ပေးမှာမို့ ....
jin -မင်း..တော်လိုက်တော့
jin ဒေါသထွက်ထွက်နှင့်အော်လိုက်သည်
jk-အာ့ဆို မောင့်ကိုအဖြေပေး
jk ကသူ့ကိုယ်သူမောင်လို့သုံးနှုန်းရင်း ဆိုတော့ jin မျက်နှာလေးက ရဲရဲဆွေနေသည် ဒေါသကြောင့် ရဲနေသည်ဆိုမှန်ပေမည်
jin -ဟက် အဖြေပေးစရာလိုသေးလား
မင်လို ကောင်လေးမလွတ် ကောင်မလေးမလွတ်တဲ့ကောင်ကို

jin လှောင်ပြုံး ပြုံးရင်းဆိုလိုက်သည်
jk- မောင့်ကိုအထင်မလွဲပါနဲ့နော် မောင်ကအရင်ကပွေတယ်ပဲထား အခု သဲလုံးလေးနဲ့တွေ့မှ မောင် မြတ်မြတ်နိုးနိုးချစ်မိတာပါ မောင်မလိမ်ပါဘူး ဒါကမှန်သောစကားပါဗျာ
jin- တော်ပါ ငါ့ကိုသဲလုံးလို့လည်းမခေါ်နဲ့ မင်းကိုယ်မင်းမောင်လို့လည်းမသုံးနဲ့ မင်းနဲ့ငါနဲ့ကပတ်သပ်စရာအကြောင်းမရှိတာမို့ မင်ပြန်တော့
jk-မောင် ပြန်ဖို့လာတာမဟုတ်ဘူးပြီးတော့ ချစ်တယ်ဆိုတယ့်အဖြေရမှပြန်မယ်
jinနှုတ်ခမ်းလေးမဲ့သွားသည်
ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတဲ့ jin မျက်နှာလေးကို
jk တပ်မက်စွာကြည့်မိသည်
jk- မောင့်အသဲလေး
ရန်လိုတဲ့မျက်စောင်းလေးပဲ jk ရလိုက်သည် jk စိတ်ထဲအားမလိုအားမရဖြစ်သွားသည်
jin အနားကိုတိုးကပ်သွားမိသည်
jin.- မင်းပြန်တော့နော် ငါ့ကိုမင်းတို့ company က ဝန်ထမ်းဆိုပြီးအနိုင်မ
ကျင့်နဲ့ ပြီးတော့ မားမားက ရှုပ်ရှုပ်ရှက်ရှက်လုပ်တာမကြိုက်ဘူး
jk-အာ့ဆိုမောင့်ကိုအဖြေပြန်ပေးလေ အသဲလုံးလေးရဲ့
jin- ဘာ ငါမှမင်းကိုမကြိုက်တာ ကိုယ်မချစ်တဲ့ သူကို ချစ်တယ်ကြိုက်တယ်လို့မ အင့်..
jk jin ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲယူလိုက်ပြီး တင်းတင်းလေးဖတ်ထားလိုက်သည်
jk- အသဲလုံး
လေးကို မောင်တကယ်ချစ်တာပါ
jin အတင်ရုန်းသော်လည်းမရ
jin ရုန်းလေ jk ကလွတ်ထွက်မသွားအောင် အတင်းဖက်ထားသည်
မာနကြီးလွန်းတဲ့ အသဲလုံးလေးကို မှတ်လောက်သားလောက်အောင် ပညာပေးချင်နေမိသည်
jin- မင်းလွှတ်နော် ငါလွတ်ရင် မင်းသေပြီသာမှတ်
jk- သေမှာကိုတော့မကြောက်ပါဘူး မောင့်ကို အသဲလုံးလေး က မချစ်ဘူးလို့ပြောမှာကြောက်တာ
jin-အခုငါမင်းကိုအဖြေ ပေးမယ် မချစ်ဘူး မချစ်ဘူး မချစ်ဘူး......မချစ် အွန်း
jin ရဲ့ ငြင်းပယ်တဲ့အသံကို သူမကြားလို
jin နှုတ်ခမ်းတစ်ခုလုံးကို သူ့နှုတ်ခမ်းနဲ့ ပိတ်ရင်း
အသဲလုံးလေးနှုတ်ခမ်းဖူးဖူးလေးကို အပြစ်ပေးရုံလောက်သာနမ်းမယ်ဟု ရည်ရွယ်ထားသော်လည်း စွဲလမ်းရူးသွပ်သွားသည်အထိပြုစားနိုင်တယ့် အသဲလေးရဲ့နှုတ်ခမ်းဖူးဖူး လေးကိုအငမ်းမရနမ်းရှိုက်မိသည်
jin- အ
ခံတွင်းအတွင်းပိုင်းကို ကျူးကျော်ဝင်ရောက်ရန် jin နှုတ်ခမ်းလေးကို မပေါက်ရုံတမယ် ကိုက်ချလိုက်သည်
ထိုမှသာ ညည်းသံနှင့်အတူ နှုတ်ခမ်းလေးကိုဖွင့်ဟသည်
အတောမသတ်နိုင်တဲ့ ရမက်တွေနှင့်အတူ jin ဗိုက်သားချပ်ချပ်လေးတွေဆီသို့ပွတ်သပ်နေမိစဥ်အတွင်း
jk- အ
jk နှုတ်ခမ်းအတွင်းပိုင်းက
ငမ်ကြည့်ကြည့်အရသာနှင့်အတူ
နာကျဥ်မှု့ကိုပါ ခံစားရ၍ လစ်ဟာသွားသော နှုတ်ခမ်းဖူးလေး
ထို့နောက် ပါးပြင်ပေါ်ကျရောက်လာသော နာကျဥ်မှု့ကြောင့် လူက ပါစပ်အဟောင်းသား
jin -မှတ်ပြီလား ဟမ် ဟင့်.......
ဒေါသနှင့်အော်သည့် အသံဆူးဆူး နောက်ဆက်တွဲကြားလိုက်ရတဲ့ငိုသံလေးကြောင့် jk နာကျဥ်မှု့ကိုမေ့ပြီး jin အနားအပြေးသွားလိုက်သည်
jk-မောင်.. မောင်တောင်းပန်ပါတယ် အသဲလုံးလေးရယ် မောင်စိတ်မထိန်းနိုင်လို့ပါ မောင့်ကိုကြိုက်သလောက်ထိုးပါ မောင်ခံပါ့မယ်
jin -......
ချစ်ရတဲ့ အသဲလုံးလေးထံမှဘာသံမှမကြားရပဲ ပါးပြင်ပေါ် မျက်ရည်များသာ တာကျိုးသလိုစီးဆင်းနေသည်
jk jinကိုယ်လုံးလေးကို တစ်ဖန် ညှင်သာစွာ ထွေးပွေ့လိုက်တော့ ကိုယ်လုံးလေးက တစ်စက်စက်တုန်နေသည်ကို ခံစားမိသည်
ပါးပြင်ပေါ်က မျက်ရည်တွေကို jk တယုတယသုတ်ပေးနေမိသည် jin ကအသုတ်မခံ
မျက်နှာကို ဆက်ခနဲလွှဲပစ်သည်
jin မှာလည်း ယောကျာ်း ချင်းချင်းဖြစ်နေတာတောင် ကိုယ်ကဘာမှပြန်ခုခံနိုင်တဲ့အင်အားမရှိလို့ သူ့ရဲ့အနမ်းနှင့်ထိပ်တိုက်တွေ့ခဲ့ရလို့ ဒေါသလည်းထွက် ဝမ်းလည်းနည်းမိသည်
jk- စိတ်ညစ်သွားပြီလားမောင့်အသဲလေးရယ် မောင့်ကိုတော့မမုန်းလိုက်ပါနဲ့နော်
jin အံကိုတင်းတင်းကြိတ်ထား၍ လပြည့်ဝန်းလေးလို မျက်နှာလေးမှာ သွေးကြောမျှင်လေးများပင်ပေါ်နေသည်
jin-အလုပ်ထွက်မယ် ငါမင်းနဲ့မပတ်သပ်ချင်လို့ကိုထွက်မှာ
jk jin ရှေ့ ဒူးထောက်ထိုင်ချလိုက်ရင် ပျာပျာသလဲတောင်းပန်သည်
jk- မထွက်ပါနဲ့ မောင့်အသဲရဲ နောက်ဆိုမောင်ဆင်ခြင်ပါ့စမယ် အလုပ်ကတော့မထွက်ပါနဲ့နော် နောက်ဆို မောင်အသဲနဲ့တွေ့ရင် စိတ်မထိန်းနိုင်းတဲ့ မောင့်ကိုယ်မောင်အပြစ်ပေးပါမယ်
jin- .........:
jk-မောင့်အသဲအလုပ်ကမထွက်ဘူးမလား
jin-မင်းငါ့ကို အဲ့လိုမခေါ်နဲ့ မနှောက်ယှက်နဲ့
jk- မောင်စောင့်နေပါမယ် မောင့်အသဲ အဲ jin ချစ်လာမယ့်နေ့အထိစိတ်ရှည်ရှည်နဲ့စောင့်နေမှာပါ
jin မဲ့ပြုံးပြုံးလိုက်ရင်
jin- မင်းပြန်တော့
jk-ဟုတ်ပါပြီ မောင်ပြန်ပါမယ် မောင့်ကိုကတိတော့ပေးပါ အလုပ်မထွက်ပါနဲ့နော် မောင့်ကိုအဲ့ကတိလေးပဲပေးပါ
jin-မင်းကိုပြန်တော့လို့ပြောနေတယ်နော်
jin ရဲ့ တစ်ချက်လွတ်အမိန့်ကို နာခံရုံမှလွဲ၍ jk ဘာမှမတက်နိုင်
မျက်နှာပေါ်က ဒဏ်ရာအပြင် နှုတ်ခမ်းအတွင်းပိုင်းကဒဏ်ရာတွေက တဆစ်ဆစ်
----------
jk စိတ်ညစ်ညစ်နဲ့ ကားလျှောက်မောင်းနေမိသည်
ညဥ့်နက်မှ jk အိမ်ပြန်လာသည်
jk mon -မာမီ့သားလေးအိမ်ပြန်နောက်ကျလှချည်လား
jk လွယ်လွယ်ပင်ခေါင်းညိတ်ပြလိုက်သည်
စိတ်ထဲမှာတော့jin အလုပ်ထွက်မှာစိတ်ပူနေရသည်

Note ထဲကစာစုလေးတွေပျက်သွားလို့ နောက်ကျသွားတယ်
မနက်ဖြန်များများအပ်ပေးပါ့မယ်နော် ဒီနေ့ update လေးနဲနေလို့ပါ
ဖတ်ပေးတဲ့ reader တစ်ယောက်ချင်းကိုကျေးဇူးတင်ပါတယ်ဗျာ
စာလုံးပေါင်းအမှားလေးတွေပါရင်ခွင့်လွှတ်ပေးပါနော်🤗

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now