မောင့်ကိုချစ်ပါတယ်-8

1.3K 140 7
                                    

မေမေဆုံးပြီတဲ့ မဖြစ်နိုင်ပါဘူး ဒါအိမ်မက်ပဲ နိုးထစမ်းပါ အိမ်မက်ကနေ
jk-hyung သတိထားလေး
ခေါင်းကိုအတွင်တွင်ခါရမ်းရင်း ပါစပ်က မဖြစ်နိုင်ဘူး ဆိုပြီးမပီမသ ပလုံးပထွေးဖြစ် အော်ဟစ်နေသည်
hyung ကိုယ်လုံးလေးကိုတင်းနေအောင် ပွေ့ဖက်ရင်း ကိုယ်ပါမျက်ရည်ကြမိသည် ချစ်ရသူ ဝမ်းနည်းရင်ကိုယ်က သူ့ထက်နှစ်ဆလောက်ကိုခံစားရသည်
ဒါဘယ်လိုဝေသနာပါလိမ့်
jk mon- သာဘယ်လိုဖြစ်တာလည်း
jk အမေကို jk ကိုတိုင်ဖုန်းဆက်၍ အကြောင်းကြားထားသဖြင် jin ကိုသံယောဇဥ်ဖြစ်နေသော မေမေက
ခြက်ချင်းရောက်လာသည်
jkက jin ကိုယ်လုံးလေးကို ပွေ့ဖက်ထားရာမှ
jk-သားတို့ပြန်လာတော့အန်တီက အသက်မဲ့နေပြီအမေ hyungကအခုထိ သူ့မေမေသေတာ ကိုမယုံဖြစ်နေတယ်
jk ပြောနေစဥ် jin သတိရလာသည်

  ''သားလေး jin သတိရပြီလားကလေး

ဘေးကအန်တီရဲ့အသံကြားမှ ရင်ခွင်ထဲက ချစ်ရသူကို ကြည့်လိုက်သည်
မို့အစ်နေတယ့်မျက်လုံးလေးက ငိုစရာမျက်ရည်မရှိလောက်အောင် မျက်ရည်မိုးတွေရွာသွန်းထားသည်
jk mon-သားလေးအားမငယ်နဲ့နော်အန်တီတို့ရှိတယ်သိလား
jin - အန်တီ
jin ကသံယောင်လိုက်ရင်း မေမေ့ရဲ့ရုပ်အလောင်းထားထားတဲ့ ကုတင်ဘက်ကို ထသွားသည်
jk-hyung
အားမရှိသဖြင့်ယိုင်နေသော ကိုယ်လုံးလေးကို မေမေနဲ့သူနဲ့ တွဲပေးသည်
jk mon-သားရယ် ဒါဘဝပဲ တစ်နေ့
အန်တီတို့လည်း ဒီလိုနေ့ဆိုတာရှိလာမှာပဲ စိတ်ကိုကြိုတင်ပြင်ဆင်ထားတက်ဖို့လိုအပ်တယ်
jk မေမေက jin ကျောပြင်လေးကိုပွတ်သပ်ရင်းဆိုလာသည်
jin ယောကျာ်း လေးပါ ဒါပေမဲ့ မေမေသာသူ့ရဲ့အဖေ သူ့ရဲ့အမေ တစ်ဦးတည်းသောအားကိုးတွယ်တာစရာ ထိုသူက လောကကြီးကို နှုတ်ဆက်သွားပြီ
သူဘယ်လိုမှမဖြေဆည်းနိုင်
မျက်ရည်ပေါက်တွေသာပါးပြင်ပေါ် လိမ့်ဆင်းကျလာသည်
jk mon -သားရယ်
jk အမေသူကိုယ်တိုင်မျက်ရည်ကျမိသည် ဒီကလေးကိုသူသံယောဇဥ်ဖြစ်မိသည် ရောက်ကတည်းက ယောကျာ်း လေးဖြစ်ပေညား အပေါင်းသင်းမမက်
အလုပ်ကြိုးစားသူလေးဖြစ်တာကြောင့်ပို၍ပင် အားကိုးရသူ သားဖြစ်သူထက် 2နှစ်သာကြီးသည်ဆိုပေမယ့် သားလေးထက်ကို ချစ်စရာကောင်းနေသည် ပါးမို့မို့လေးတွေပိုင်ဆိုင်းထားတဲ့ ဒီလိုကလေးကို သူသားလေးလိုကိုသဘောထားမိသည်
---------
မေမေ့အသုဘ တစ်လျှောက်လုံး jk တစ်ယောက် အချိန်ပြည့် jin ဘေးနားမှာ အားပေးကူညီပေးသည်
jk- hyung ကျွန်တော်တောင်းပန်းပါတယ်နော်
jin-ဖြစ်ပြီးတာကိုပြန်မပြောပါနဲ့တော့ ဒါက ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲတွေးလိုက်ပါတယ် ဒါကြောင့် ပြန်မစပါနဲ့ ငါမခံစားနိုင်ဖြစ်မှာစိုးလို့ပါ
jk  jin ရဲ့လက်လေးကိုဆုပ်ကိုင်လိုက်သည်
တစ်ချက်သာတွန့်သွားပြီ မရုန်းပဲ သူ့ကိုမျက်လုံးဝိုင်းလေးနှင့်ကြောင်ကြည့်နေသောချစ်ရသူလေး
jk-hyung
jin- ဟမ်
jk- ဘာမှအားမငယ်နဲ့နော်ကျွန်တော်တစ်ယောက်လုံးရှိတယ် မာမီက hyung မေမေ ကိစ္စ တွေပြီးပြီဆို အိမ်ကိုခေါ်သွားမယ်တယ့် မာမီကလည်း hyung ကိုချစ်ပါတယ်
jin စဥ်းစားနေမိသည်
jk တို့အိမ်သွားနေလို့ဖြစ်ပါ့မလား
စည်းစိမ်ချမ်းသာတွေနဲ့ပြည့်နေတဲ့ jk တို့အိမ်မှာ jin မနေချင်ပါ
jk ကသူ့ကို အချိန်ပြည့် ချစ်စကားတွေပြောနေရင် jin စိတ်ညစ်ရပေမည်
ပြီးတော့ ယောကျာ်း တန်မဲ့သူများအိမ်မှာကပ်နေတယ်လို့ပြောခံနေရပေအုံးမည်
ဒီမှာလည်းတစ်ယောက်တည်းနေမဖြစ်
Baegam တို့အဖွဲကိုကြောက်နေရသည် မေမေရှိကတည်းက စကားနဲ့တစ်မျိုး လက်နဲ့တစ်မျိုး ရိသဲသဲ့ လုပ်တက်တဲ့ လက်ရဲဇက်ရဲ တွေမို့ jin ကြောက်မိသည်
jk- စိတ်မညစ်ပါနဲ့ hyung ရယ် ဘာမှလဲစဥ်းစားမနေနဲ့ hyung ကို ကျွန်တော်တာဝန်ယူတယ်
jin -ဘာမင်းက ငါ့ကိုဘာလို့တာဝန်ယူမှာလည်း
jin ပြောတော့ ပြုံးရင်းမျက်စိတစ်ဖက်မှိတ်ပြသည်
စိတ်ညစ်ရတဲ့ထဲသူကတစ်မျိုး
jk တစ်ယောက် jin ကို သူ့အိမ်လိုက်နေဖို့အတင်းအကျပ် စည်းရုံးနေတာ jin သိတာပေါ့
jk ဆိုတဲ့ကောင်က ဒီတစ်ခါ ယုန်ကောင်မဟုတ် လိပ်ကောင် လိပ်မှ ကမ္ဘာ့လိပ်ကြီး
jk-hyung
jin -ဘာလည်း
jk -စဥ်းစားလှချည်လား
jin -စဥ်းစားရတာပေါ့ မင်းအိမ်လိုက်နေရင် ငါ့ကို နေ့တိုင်း ရည်းစားစကားပြောနေမှာလား
jk-အင်း
jin-ဘာ
jk- အလကားနောက်တာပါ hyung ရာ
ကျွန်တော် hyung မကြိုက်တဲ့အလုပ် ဘာမှမလုပ်ဘူး
jin-ပြောပြန်ပြီ
jk -တကယ်မက ဆယ်ကယ်ပြောတယ်
jin ပြုံးမိသည် ပထမဆုံးအကြိမ်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now