မောင့်ကိုချစ်ပါတယ်-13

1.1K 132 5
                                    

jk စိတ်ညစ်ညစ်နဲ့လျှောက်လည်ပစ်လိုက်သည်

မိုးချုပ်မှ jk အိမ်ပြန်လာခဲ့၏

''သားပြန်လာပြီလား''

''ဟုတ်ကဲ့မာမီမအိပ်သေးဘူးလားဟင်''

''သားကိုစကားပြောချင်လို့တမင်စောင့်နေတာကွယ်''

''အိပ်ရေးပျက်ခံလို့မာမီရာ မနက်မှပြောလဲရသားပဲဟာ''

jk မျက်နှာလေးမှာ ညဥ်းသိုးသိုးဖြစ်နေသည်
ဆံပင်တွေဖွာလန်ကြဲကာ နီကြောင်ကြောင်ဖြစ်နေ၏ အမြဲတမ်းသပ်သပ်ရပ်ရပ်စမက်ကျကျနေတက်သူ jk တစ်ယောက် ဖြစ်ကတက်ဆန်းဖြစ်နေသဖြင့် jeon juhae စိတ်မကောင်းဖြစ်သွားသည်

jin ကိုအတော်ချစ်ရှာတာပါလား
jeon juhae မတက်နိုင်
သားလေး jk ဘဝရှေ့ရေးကောင်းစားဖို့ မိမိမှာတခြားလုပ်စရာနည်းလမ်းမှမရှိတာ

''သား''

''ဗျာ''

''ထိုင်ပါဦးကွယ်''

မာမီ့ရှေ့မှာ jk ဝင်ထိုင်လိုက်သည်

''မနက်က Shinna မိဘတွေကမာမီ့ကိုလာပြောကြတယ်လေသားနဲ့လက်ထပ်ပေးဖို့ပေါ့''

''ဗျာ...shinna မိဘတွေကလာပြောတယ်''

''ဟုတ်တယ်သား မာမီလည်းသားသဘောကိုမေးကြည့်လိုက်ဦးမယ်လို့ပြောလိုက်တယ်သားသဘောတူရင်မာမီတို့ချက်ချင်းစီစဥ်ချင်တယ်ကွယ်''

မာမီ့စကားကြောင့်jk ရင်ထဲထိတ်ခနဲဖစ်သွားသည်
Shinna ကို jk မေ့နေခဲ့တာကြာပြီ
jin စိတ်မွှန်နေသဖြင့် Shinna ကိုသူမေ့ထားခဲ့သည် အခု မာမီက shinna နဲ့လက်ထပ်ဖို့ပြောနေပြီ
jk ဘာလုပ်ရမလဲ
တကယ်ဆို jin နဲ့သူနဲ့ကဘာမှမပတ်သပ်တော့ဘူး
shinna နဲ့လက်ထပ်ဖို့ ကိစ္စ ကိုလက်ခံလိုက်ရုံပဲမဟုတ်လား
jk ငိုင်နေမိသည်

''မာမီလည်းအသက်ကြီးပါပြီသားရယ်မာမီစိတ်ချမ်းသာအောင်လက်ခံလိုက်ပါသားရယ်....နော် jk''

jeon juhae မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာသည် မာမီစိတ်ချမ်းသာအောင် Shinna နဲ့လက်ထပ်ဖို့ jk လက်ခံလိုက်ရင်ကောင်းမလား
လက်ခံလိုက်တာကောင်းပါတယ်
jin ကိုစိတ်နာနေတဲ့အချိန်မို့ shinna နှင်ပ့်လက်ထပ်ဖို့ သဘောတူလိုက်မိသည်

မောင့်ကိုချစ်ပါတယ်  (complete)Where stories live. Discover now