Part 54 💘 🚨🚨

48.5K 2.3K 315
                                        

Zawgyi...

ဆိုင်ထဲကထွက်လာပြီးတော့ Sam က ဒီမိုကို
တောက်လျှောက် ကားဆီဆွဲခေါ်လာသည်။
တစ်လမ်းလုံး ဘာစကားမှမပြောပဲ မောင်းလာသည်။ တနေရာရောက်တော့ ကားကတုံ့ကနဲရပ်သွားတယ်။
ဒီမိုကြည့်လိုက်တော့ ဘုရားကျောင်းတစ်ခု အတိ
အကျပြောရရင် Sam ဖွင့်ဟဝန်ခံခဲ့တဲ့
ဘုရားကျောင်းပင်။ Sam ကားပေါ်က
ဆင်းသွားတော့ ဒီမိုလည်း လိုက်ဆင်းမိသည်။

ဖွင့်ဟဝန်ခံခဲ့တဲ့ ဘုရားကျောင်းရှေ့မှာပင်
ဒီမိုကို ကြည့်ကာ

"ငယ် !...ကိုယ့်ကို မုန်းနေပြီလား...ထားပစ်ခဲ့ချင်
ပြီလား...ငယ်ရော ကိုယ်ရော စိတ်အခန့်
မသင့်တာတွေဖြစ်ခဲ့ကြတယ်...ဒါပေမယ့်
ကိုယ်တို့၂ယောက်စလုံး တခြားတစ်ယောက်ကို
သဘောကျဖို့၊ ကြင်ဖက်တွေ့ဖို့မလုပ်ခဲ့ကြဘူး..
အခုငယ် ဒီလိုတွေထိ တွေးမိလာပြီဆိုတော့
ငယ်တကယ်ပဲ ကိုယ့်ကို စွန့်လွှတ်တော့မှာလား...
ကိုယ်ကားရိုက်တွေများပြီး ငယ့်ကိုပစ်ထားသလို
ဖြစ်ခဲ့တာ သိပါတယ်...တောင်းလည်း
တောင်းပန်ပါတယ်...ဒါပေမယ့် အနုပညာ
လောကကနေ အနားယူတဲ့အခါ အမှုဆောင်ဒါရိုက်တာ
လစာတခုတည်းရှိတော့မှာ...ငယ်လိုသမျှအကုန်ပေနိုင်တဲ့သူဖြစ်ချင်ခဲ့တာမို့ ကိုယ်အနားမယူခင်လေး ရသလောက်
ရှာနေခဲ့တာ..ငယ်တောင် ငယ့်ပုံမှန်ဘဝကိုစွန့်လွှတ်၊ လိင်တူကြိုက်လို့သဘောမတူတဲ့ မိဘတွေကြောင့်
ကိုယ်နဲ့မယူရတောင် တခြားသူကိုတော့ မယူဘူးဆိုတဲ့
ငယ့်ကို ကိုယ်ကလည်း အရာရာပြည့်စုံအောင်
ထားချင်ခဲ့တယ်....ငယ်မှားတယ်လို့ ကိုယ်မပြောပါဘူး..
ငယ့်အနေနဲ့ကိုယ်တို့ဆက်ဆံရေးကို အဆုံးသတ်ချင်
တယ်ဆို ပြောပါ....စခဲ့တဲ့နေရာမှာပဲ အဆုံး
သတ်ရအောင်.."

Sam ကဒီမို့ပါးလေးကို လက်နဲ့အုပ်ကိုင်လို့
မော်ကြည့်စေသည်။

"ငယ် ဘာလုပ်မှာလဲ...."

Sam Barkley ဆိုတဲ့လူသားဟာ အခု အသက်၄၀
နားနီးတောင် ချောမောနေတုန်းပင်။ စိမ်း
ပြာပြာအကြည့်တွေက တည်ငြိမ်ရင့်ကျက်မှုကို
ဖော်ပြနေသလို စိတ်ဖက်သန်မှုကိုလည်း
လှစ်ဟနေသည်။ ဒီလူသားကို တကယ်ပဲ
စွန့်လွှတ်နိုင်ပါရဲ့လား။

My Naughty Son's Daddy[Complete]Where stories live. Discover now