Part 51 💘

23.1K 1.9K 78
                                    

Zawgyi...

မနက်စာ စားပြီးတော့ သားကို ရေမိုးချိုးပေးပြီးတော့
မိသားစု၃ယောက် Huston Square နားကို
ထွက်လာခဲ့ကြသည်။ ရင်ပြင်ကိုရောက်တော့ ရင်ပြင်
ရှေ့နားလောက်မှာကားရပ်ပြီး စုရပ်ကိုသွားလိုက်သည်။
ထိုရင်ပြင်နားမှာ အစားအသောက်ကား ရှိလေသည်။
တန်းဆီနေသော အိမ်ခြေယာမဲ့တွေလည်း
အများကြီးရောက်နေလေပြီ။ စေမိုရ်တို့
နည်းနည်းနောက်ကျသွားတာတောင်
အစားအသောက်ဝေဖို့
ပြင်ဆင်နေတုန်းရှိသေးသည်။
စေမိုရ်လည်း ကောင်လေးတစ်ယောက်နားသွားပြီး

"ဟိုင်း ဘီလီ...နောက်ကျသွားလို့တောင်းပန်ပါတယ်...
ဘာလုပ်ပေးရမလဲဟင်..."

"ရပါတယ်...ကျွန်တော်တို့ စွပ်ပြုတ်အိုးတင်ဖို့ပဲ
ကျန်တော့တယ်ရယ်..."

ဘီလီလည်းပြောရင်း နောက်ကိုကြည့်လိုက်တော့ ခါတိုင်းပါလာတဲ့ကလေးနဲ့အတူ သူစိမ်း
တစ်ယောက်ကိုပါ ထပ်မြင်လိုက်ရသည်။

"သူက ဘယ်သူလဲဟင် စေမိုရ်..."

"ဟင် ဘယ်သူ...."

"Lucky လေးနဲ့တူတူပါလာတာလေ..."

"အော် သူက...."

စေမိုရ်ပြောနေတုန်းရှိသေး အကိုက သားကိုချီပြီး
နောက်ကိုရောက်လာသည်။

"ကိုယ်ဘာကူပေးရမလဲပြောလေ အမိုရ်..."

"ရတယ် ပြီးရင်ကျွေးမွေးခြင်းစတော့မှာ
အဲတော့မှ ကူပေးတော့လေ...အကို ဒါက ဘီလီတဲ့
ပရဟိတခေါင်းဆောင်ရဲ့သားလေးလေ...ဘီလီ ဒါက ဦးသားလေးရဲ့ဖေဖေ Sean တဲ့..."

စေမိုရ်က လူကြားထဲ ဇွဲကို သားလေးရဲ့ဖေဖေလို့
မိတ်ဆက်ပေးလိုက်ခြင်းပင်။

"ဟုတ်တယ် ဒါ Lucky လေးရဲ့ဖေဖေလေ..
ချောတယ်မလား ဘီလီ..."

Lucky လေးက အကို့လည်ပင်းကိုဖက်လို့
ဂုဏ်ယူစွာနဲ့ ပြောချလိုက်သည်။ ဘီလီကတော့ ဘာမှ
မပြောပဲ ခေါင်းငြိမ့်ပြလိုက်သည်။ ဘီလီလေးသည် ကရဟိတအရမ်းလုပ်လွန်းသည့်မိဘ၂ပါးမှမွေးလာတဲ့
ကလေးဖြစ်သည့်အလျောက် ပရဟိတနဲ့ပတ်သက်ရင်
ဘယ်တော့မှ လက်မနှေးပေ။ ၁၅နှစ်သားရှိတဲ့ဘီလီက
အခုဆို အရပ်က ၅ပေ၉၊ စေမိုရ့်အရပ်နီးပါး ရှိနေလေပြီ။

My Naughty Son's Daddy[Complete]Where stories live. Discover now