Part 58 (Final part ) 💘

36K 1.7K 294
                                    

Zawgyi...

ဟိုးအောက်ဆုံးမှာ ပုံတွေနော်..

💘💘💘 6 week later 💘💘💘

ဒီနေ့ကတော့ Sam နဲ့ဒီမိုအတွက် နေ့ထူး
နေ့မြတ်ပင်။ အမားတို့က Sam တို့ကိုသဘော
တူလိုက်သည်မို့ ရှမ်းပြည်မှာ လက်မှတ်
ရေးထိုးကြမည်တဲ့။
စေမိုရ်ကတော့ အရင်ကအမှတ်တရတွေကြောင့်
မပြန်ချင်ခဲ့သော်လည်း အကိုက ဖျောင်းဖျခဲ့လို့
ရောက်လာရသည်။

ဒီရောက်တာနဲ့ အကိုက ဟိုတယ်သွားနေပြီး
စေမိုရ်တို့ကတော့ တီလေးနဲ့အတူနေသည်။
တီလေးကို ပြောပေးမယ်လုပ်သော်လည်း
အကိုက ခပ်ပြုံးပြုံးနဲ့ပင် တူဝရီး၂ယောက်
အေးဆေးတွေ့ကြပါ။ အကိုရှိနေရင်
မလွတ်လပ်ဘူးပေါ့တဲ့။

"တီလေးကို မုန်းနေတာလားဟင်..."

"မမုန်းပါဘူးကွာ...အစကနေ အဆုံး
ုမြန်သဒ္ဒါဖြူမမှားခဲ့ဘူး...ကိုယ်မှားခဲ့တာတွေချည်းပဲ...
ကိုယ်ကလည်း အဲဒီတုန်းက သူမပြောတောင်
အမိုရ့်ဘေးကနေ ထွက်သွားဖို့တွေးခဲ့ပြီးသားလေ..."

"တကယ်တော့ အကိုရော ကျွန်တော်ရော
သာတယ် နာတယ်မရှိပါဘူး...စစချင်း အကို
ကျွန်တော့်ကို ရက်စက်ခဲ့တာမှန်ပေမယ့်
နောက်တော့ အကို့အသက်နဲ့တောင်
ရင်းပေးခဲ့တာပဲလေ...ကျွန်တော်နေမကောင်းရင် အကိုပြုစုပေးရပြီး အကိုနေမကောင်းရင်
ကျွန်တော်ပြုစုပေးရမှာက အသေအချာပဲ...
အကိုအခုလိုဖြစ်ရတာ ကျွန်တော့်ကို ကယ်ရင်း
ဖြစ်ရတာပဲလေ...ကျွန်တော်က အကို့ရင်သွေးကို
အသက်နဲ့လဲမွေးပေးခဲ့တယ်..အကိုက
ကျွန်တော့်ကို အသက်နဲ့ရင်း ကယ်ခဲ့တယ်..
အရင်က ခံစားရတာတွေအတွက် အခုပြန်ပေးဆပ်တယ်
ကျေပြီလေ..."

"ကိုယ်တွေးနေမိတာ တခုရှိတယ်...
LAမှာ ကိုယ့်အပိုင် မြေကွက်ရှိတယ်...ကိုယ်တို့
အိမ်ဆောက်ဖို့ပဲလိုတာ...ကိုယ်လေ သားအတွက်
ကစားကွင်းအကြီးကြီးဆောက်ပေးပြီး ခြံ
ပတ်လည်မှာ Pool King ကိုခေါ်ပြီး
ရေကူးကန်အကြီးကြီးနဲ့ အပန်းဖြေအိမ်
ဆောက်ချင်တယ်...အမိုရ်ရော ကိုယ်နဲ့အတူတူ
မနေချင်ဘူးလားဟင်..."

"တကယ်တော့လေ ကလေးတွေကို အစွန်း၂ဖက်
ရှောင်ပြီး နေခိုင်းတာကောင်းတယ်..ဆင်းရဲလွန်း
ချမ်းသာလွန်းရင် ကလေးတွေက ပျက်စီးလွယ်တယ်...
အစွမ်းအစတွေ တုံးကုန်တယ်...ဒါကြောင့်
ကျွန်တော်တို့ ဘယ်လောက်ချမ်းသာပါစေ သားကိုအရာရာ အလည်အလတ်ပဲသုံးခွင့်ပြုထားတာ..."
အကို့စေတနာကိုနားလည်တာမို့ သားရဲ့စိတ်က
ကောင်းမွန်ပြီး သမာသမတ်ကျလာတဲ့အခါတော့
အဲဒီလိုလေးနေရအောင်လေ...အခုတော့ အကို့
ပိုက်ဆံတွေကိုခဏထားလိုက်ဦး..."

My Naughty Son's Daddy[Complete]Where stories live. Discover now