Part 39💘

22.9K 1.9K 165
                                    

Zawgyi...

မနက်စောစာအာရုံတက် မဟာမြတ်မုနိဘုရားကို
အရင်ဝင်ဖူးလေသည်။ ဘုရားမျက်နှာတော်သစ်ချိန်
ပြီးခါစမို့ လူတွေအရမ်းမများလှ။ ဘုရားကြီးရဲ့
သပ္ပါယ်လို့ရွှေရောင်ဝင်းနေတဲ့ ပုံကို သေချာ
ကြည့်ရင်း စေမိုရ်ဆုတစ်ခုတောင်းလိုက်သည်။

*စစ်မှန်သောလူများနှင့်သာ တွေ့ရပါလို၏
အရှင်ဘုရား...*

ဘုရားရှိခိုးပြီးတာနဲ့ မနက်စာအတွက် မန္တလေးရဲ့
အထင်ကရ အထမ်းမြီးရှည်ဆိုင်ကို ချီတက်ကြသည်။
ဆိုင်ရောက်တာနှင့် အထမ်းမြီးရှည်မှာကြသည်။
ဤဆိုင်တွင် ငါးမျှစ်ချဉ်ခေါက်ဆွဲလည်း ရှိသည်။
ဒါကြောင့် မြီးရှည် ၄ပွဲ ခေါက်ဆွဲ ၁ပွဲ မှာလိုက်သည်။
ငါးမျှစ်ချဉ်ကိုတော့ စေမိုရ်က စားချင်တာမို့
မှာလိုက်တာပင်။
အစားအသောက်တွေ ရောက်လာတော့ စေမိုရ်
စိတ်ပြောင်းသွားသည်။ မြီးရှည်ပဲ စားချင်တော့သည်။

" ဒါကြီးမစားတော့ဘူး...ခင်များနဲ့ လဲမယ်နော်....
ခင်များခေါက်ဆွဲစားလိုက်.."

"အင်းအင်း...."

ဦးဇွဲက ဘာမှမပြောပဲ တိတ်တဆိတ်ပင် ငါးမျှစ်ချဉ်
ခေါက်ဆွဲကို စားနေလေသည်။ စေမိုရ်ပဲ စိတ်ထင်တာလားး
မသိ ဟုတ်တိပတ်တိ မစားသလိုပင်။ စေမိုရ်ကတော့
မြီးရှည်ကစားကောင်းလွန်းတာမို့ အားရပါးရ
စားနေလေသည်။ သားအတွက်တော့ မလိုင်ပေါက်စီမှာပေးထားသည်။ မလိုင်ပေါက်စီက နွားနို့နဲ့
မလိုင်များများထည့်ပေးထားတာမို့ အရမ်းမချိုသလို
စိမ့်စိမ့်လေးပင်။ သားကတော့ အရမ်းကြိုက်ရှာသည်
ထင်သည်။ ခေါင်းမဖော်စတမ်း စားတော့သည်။

"Sam လည်းအဲဒါစားချင်တယ်...ဝယ်သွားလို့ရလား..."

Sam က Lucky လေးစားနေတဲ့ မနက်စာကို
လက်ညှိုးထိုးလို့ ဒီမိုကိုပြောလိုက်သည်။

"ရတယ်ရယ်..ဒါပေမယ့် နို့ဆိုတော့ အကြာကြီး
မခံဘူး..နေ့လည်စာမစားခင် လမ်းသွားရင်းစားမှ
ရမယ်.."

"ရတယ် ရတယ် ကိုယ့်အတွက် မှာပေးပါလား..."

"အိုကေပါ စားပြီးရင် မှာပေးမယ်လေနော်...
ခင်များကလေ ကလေးကျလို့..ကျွန်တော်လည်း
အုပ်ထိန်းသူလုံးလုံးဖြစ်ပါရော့လား..."

My Naughty Son's Daddy[Complete]Where stories live. Discover now