Part 1 💘

69.1K 4K 84
                                    

Zawgyi...

Start date >15 Sept 2021..

မနက်ခင်းနေရောင်ခြည်က 'မိုးလင်းနေပြီထတော့'
ဟု ပြောနေသည့်အလား စေမိုရ်မျက်နှာ
နုနုပေါ် ဖြာကျနေသည်။ အရင်နေ့တွေလိုပဲ
အေးစက်နေတဲ့ အိပ်ယာက ဒီနေ့လည်း
အေးစက်နေတုန်းပင် ။

ဘေးနားက အေးစက်စက် နေရာလွတ်ကို စမ်းလိုက်ရင်း ချက်ပြုတ်ဖို့ ထရလေပြီ။ ရေချိုး ခန်းထဲ သွားတိုက်မျက်နှာသစ်လို့ ဦးဇွဲချွတ်ခဲ့တဲ့ ရေချိုးဝတ်စုံ၊ ညအိပ်
ဝတ်စုံတွေကို ကောက်သိမ်းပြီး အခန်းထောင့်က
လျှော်မည့်ခြင်းတောင်းထဲ ထည့်လိုက်သည်။ ထို့‌နောက် အိပ်ယာခင်းကို ခါထုတ်လို့ နေရာတကျ
ပြင်ဆင်လိုက်သည်။

ပြီးတာနှင့် ဟော်မုန်းဆေးကို သောက်လိုက်ပြီး တနေ့တာ စတင်ရပြီ။ စေမိုရ်ကမနက်စာ ချက်ပေးမယ် ပြောသော်လည်း ဦးဇွဲက မလိုဘူးဆိုကာ မနက်
စောစောရုံးမှာ သီးသန့် စားသလို စေမိုရ်ကတော့ အိမ်မှာ အဆင်ပြေသလို စားတာများသည်။ ခေါက်ဆွဲဘူးထဲ
ရေနွေးဆူဆူကို ထည့်ပြီး လေမဝင်အောင် ဗူးဝ
လေးကိုကလစ်နဲ့ညှပ်လို့ မီးဖိုချောင်ကို အဝတ်စနဲ့အရင် သန့်ရှင်းရေး စလုပ်တော့သည်။ ၅မိနစ်လောက်
ကြာတော့ ခေါက်ဆွဲပူပူ လေးက အနံလေး
မွှေးနေပြီ။

အရင်က ဦးဇွဲ စေမိုရ်ကို လိုက်ခဲ့တဲ့ အချိန်တုန်းက
ခေါက်ဆွဲဘူး စားတိုင်း ဦးဇွဲက တားခဲ့သည်။ Chemicalတွေပါတာမို့ ကျောက်ကပ်ထိမယ်၊ ကင်ဆာ
ဖြစ်မယ်တဲ့။ စေမိုရ် နေမကောင်းဖြစ်မယ်ဆို ကိုယ်
ရင်နာရတာပေါ့ ပြောခဲ့တာ။ အခုတော့ တားမယ့် စကားလည်း မကြားရတော့သလို စိတ်ပူပေးမယ့်လူကလည်း စေမိုရ် နိုးတဲ့အချိန်ဆို မရှိတာများသည်။
ညဆိုအလုပ်တွေနဲ့ စာကြည့်ခန်းမှာ အိပ်ဖြစ်တာ
ပိုများနေသည်။ တကယ်တော့ ဦးဇွဲက စေမိုရ်ကို
ချစ်ပါသည်။ အင်း ချစ်တယ်လို့ပဲ ထင်ပါသည်။
ခေါက်ဆွဲစားနေရင်း ဦးဇွဲ ဆီကိုစာပို့လိုက်သည်။

“ကျွန်တော် နိုးပြီနော်... Morning ပါဗျာ...”

မနက်တိုင်းဦးဇွဲဆီအချိန်မှန်ပို့ပေးခဲ့ပါသည်။ ပြန်စာက
တော့လေလှိုင်းထဲ ပျောက်သွားတယ်တောင် မဟုတ် ဘယ်တုန်းကမှ လေလှိုင်းထဲ မဝင်လာခဲ့ဘူးဆို ပိုမှန်
ပေမည်။ ထို့နောက် ဖုန်းဝင် လာလို့ ကြည့်လိုက်တော့ ငယ်ပေါင်းသူငယ်ချင်း ဒီမိုရာဆက်တာပင်။

My Naughty Son's Daddy[Complete]Where stories live. Discover now