Part 37 💘

22.4K 2K 208
                                    

Zawgyi...

မကြာခင် အမြန်လမ်းမထက် တရွေ့ရွေ့သွားနေတဲ့ကားလေးက ယာဉ်ရပ်နားစခန်းကိုရောက်လာလေပြီ။ ဒါပေမယ့် စေမိုရ်တို့က မန္တလေးမှာညအိပ်မှာမို့လို့ မနားတော့ပဲ တောက်လျှောက်မောင်းလာခဲ့သည်။
ကြာတော့စေမိုရ်လည်း မနက်ကပင်ပန်းထားတာနဲ့
ရောပြီး ကားဆိုဖာပေါ်ခွေခွေလေး
အိပ်ပျော်သွားတော့သည်။

ဇွဲလည်း အိပ်ပျော်နေတဲ့ စေမိုရ်ကို စောင်ပါးလေး
ခြုံပေးပြီး သားနဲ့စေမိုရ်ကိုကြည့်ရင်း မျက်ရည်
တွေကျလာတော့သည်။ ဒီလိုနုနုနယ်နယ်နဲ့
တစ်ကိုယ်တည်းကြီးပြင်းလာရတဲ့ ကောင်လေးကို
သူနှိပ်စက်ခဲ့တာ။ စေမိုရ်က တော်ရုံငိုခဲသည်။ သို့သော်
သူ့ကြောင့် အငိုတွေလည်း မတိတ်ခဲ့ရ။
နှစ်ပတ်လည်နေ့ဆိုရင်လည်း ဘယ်တော့မှ အတူ
မဖြတ်သန်းခဲ့ရ။

စေမိုရ်ဆိုတာ နာမည်က စေလိုပဲ သူများစေရာ သူ့ဘဝကို
ဖြတ်သန်းခဲ့ရတယ်။ ငယ်ငယ်လေးနဲ့ မိဘတွေဆုံးသွားပြီး အဒေါ်လက်ပေါ်မှာကြီးပြင်းခဲ့ရတယ်။
သူငယ်ချင်းဆိုလို့ ဒီမိုအပြင်မရှိခဲ့၊ ဆွေမျိုးဆိုလို့
အဒေါ်အပြင်မရှိခဲ့တဲ့ကလေးကို ဇွဲက နိုင်ငံခြားမှာ
တစ်ယောက်တည်း ကလေးမွေးစေခဲ့တယ်။
ဘယ်လိုတောင် မင်းရက်စက်ရက်လဲ ဇွဲထည်ယံရှင်းရယ်။

ဘယ်လိုဆို စေမိုရ်ပျော်မလဲတွေးကြည့်တာ။
သေချာတာပေါ့ ဇွဲမရှိရင် သူပျော်မယ်ဆိုတာ။ ဒါပေမယ့် ဇွဲထွက်မသွားချင်ဘူး။ သူ့နားမှာနေပြီး မှားခဲ့တာ
တွေအတွက် ပြန်ပေးဆပ်ရင်း ချစ်ချင်တယ်။
စေမိုရ့်အပြုံးတွေသူမြင်ချင်ပါတယ်။

စေမိုရ်မျက်နှာလေးဆီအသာငုံ့ကိုင်းလို့ ဆံပင်
လေးသပ်ပေးရင်း နားသယ်စပ်ကို ခပ်ဖွဖွ နမ်းရှိုက်
မိတော့သည်။

"ကိုယ်တကယ်ကို တောင်းပန်ပါတယ်...
အခုကစပြီး ကိုယ်ကာကွယ်ပေးမှာမို့ အမိုရ်က
ပြန်ပြီးပျော်ရွှင်လာပေးပါ...ပြန်ပြုံးပြပေးပါ...
ကိုယ်တကယ် အဲဒါပဲ မျှော်လင့်ပါတယ်...
ပြန်မချစ်ရင်နေပါ တွန်းတော့မထုတ်လိုက်ပါနဲ့..."

မျက်ရည်တွေကြားက တီးတိုးရွတ်ဆိုသံလေးကို
တစ်စုံတစ်ယောက်ကတော့ အိပ်တဝက်နိုးတဝက်ကြားမှာ
ကြားသွားခဲ့ပြီ။ စေမိုရ်မျက်လုံးဖွင့်ကြည့်တော့ ငိုနေတဲ့ ဦးဇွဲကိုတွေ့လိုက်ရသည်။ စေမိုရ့်မျက်ဝန်းထက်လည်း ငွေ့ရည်ကြည်တွေ ရစ်ဝဲနေပြီ။

My Naughty Son's Daddy[Complete]Where stories live. Discover now