Part 30 💘

29.3K 2K 171
                                    

Zawgyi...

အောက်ဆုံးမှာပုံတွေထည့်ပေးထားတယ်နော်..

ပွေ့ဖက်လို့ အလွမ်းသယ်နေတဲ့သားအဖ၂ယောက်ဟာလည်း စေမိုရ်တို့တုန်းကလိုပင် ပျော်နေမှာ
အသေအချာပင်။ မာကိုက စေမိုရ်ရှေ့ ဒူးတဖက်
ထောက်လို့ ညာလက်ကို ဝဲဘက်ရင်အုံထက်
လက်သီးဆုပ်လို့ ကွေးထားသည်။
စေမိုရ်လည်း ကမန်းကတန်း ဆွဲထူရသည်။

"ထပါဗျာ ဒီလောက်ထိ မလိုပါဘူး....ဒါ
ကျေးဇူးပြန်ဆပ်တာပါ.."

မာကိုကတော့ မျက်ရည်တွေမစဲတော့ပေ။ မာကို
ငိုနေတာမြင်တော့ ကလေးကလည်း သူ့အဖေ
ခြေသလုံးကို ဖက်လို့ ငိုနေသည်။ စေမိုရ်နဲ့ Sam
မှာတော့ ဘာလုပ်လို့လုပ်ရမလဲ မသိတော့။
ထပဲထရမလိုလို ထိုင်ပဲ ထိုင်ရမလိုလိုနဲ့ပင်။

မာကိုကတော့ သူ့သားလေးလက်ကိုဆွဲလို့
ပျော်ပျော်ရွှင်ရွှင် ပြန်သွားပြီ။ စေမိုရ်လည်း
Sam ဘေးနားထိုင်လို့ သက်ပြင်းချနေရတယ်။

"ဘာဖြစ်လို့ မြေကြီကွဲထွက်လောက်အောင်
သက်ပြင်းတွေ ချနေတာလဲ..."

"ဒီလိုပါပဲ..ဒါနဲ့လေ ပြောရဦးမယ်..."

စေမိုရ်လည်း ထိုင်နေရင်းကနေ Sam ရှိရာဘက်
မျက်နှာမူလို့

"အခု ၁၀လပိုင်းလေ...မကြာခင် လကုန်တော့မယ်..
၁၁လပိုင်းလလယ်လောက်ဆို တန်ဆောင်တိုင်
ရောက်ပြီ..လိုက်ခဲ့ပါလား ကျွန်တော်တို့
မွေးရပ်မြေကို...နော်...ကျွန်တော့်
တီလေးဆီပြန်မလို့လုပ်ထားတာ..လိုက်ခဲ့နော်..."

"ဘယ်လောက်ကြာမှာလဲ..."

"၁၁ လပိုင်း ၁လလုံးပဲ...လျှောက်လည်ကြမယ်လေ..
ပြီးတော့ ကျွန်တော် အချစ်ဆုံး ငယ်သူငယ်ချင်းနဲ့
မိတ်ဆက်ပေးမယ်...ဒီမိုတဲ့ အဟဲ.."

"ဒီမို ဆိုတာတော့ ထားတော့..နောက်က အဟဲက ဘာလဲ..
မသိရင် အကြံအစည်တွေ ပြည့်နေတဲ့ လေသံနဲ့..."

"ဟင် မဟုတ်ပါဘူး..ပေါက်ကရတွေ.."

" ဒါနဲ့ မစ္စတာ Samuel ကိုရော မပြောတော့ဘူးလား..."

"ကိုယ့်ခြေထောက်နဲ့ ကိုယ်သွားတာ သူ့
ပြောရဦးမှာလား.."

စေမိုရ်ကတော့ ခြေတဖက်ချိတ်လို့ စီးကရက်
တလိပ်ကိုယူရင်း ဟန်ပါပါ ဖွာရှိုက်မိတယ်။ ပါးစပ်ထဲ
ကနေ မှုတ်ထုတ်လိုက်တဲ့
စီးကရက်က လေထုထဲ အခိုးအငွေ့အဖြစ်ကနေ
ပျောက်ကွယ်သွားတယ်။
သူနဲ့ ဦးဇွဲဆက်ဆံရေးကလည်း ဒီလိုပင်။ စစချင်း
ပြင်းပြနေတဲ့ အဖြူရောင်အခိုးအငွေ့အဖြစ်ကနေ
အခုတော့ လေထုထဲ ခံစားချက်တွေ မှေးမှိန်သွားခဲ့ပြီ။
အရာအားလုံးက ပြီးသွားခဲ့ပြီ လွန်သွားခဲ့ပြီ။
အခိုးအငွေ့တွေ ပျောက်ကွယ်ပြီး လေထုထဲ
ထုထည်မရှိပဲ အနံ့ပဲကျန်ခဲ့သလို ကိုယ်တွေ
ဆက်ဆံရေးကလည်း ထုထည်မရှိတဲ့
အတိတ်အဖြစ် ကျန်ရစ်ခဲ့ပြီ။

My Naughty Son's Daddy[Complete]Where stories live. Discover now