Part 4 💘

36K 3.2K 63
                                    

Zawgyi...

မော်ဒယ် မိုနေးဆိုတာက M နိုင်ငံတင်မကပဲ
အနောက်နိုင်ငံတချို့မှာပါ နေရာရနေတဲ့ မော်ဒယ်
တစ်ယောက်ပင်။ ဒီနေ့မနက် ၉နာရီမှာတော့
ဇွဲထည်ယံရှင်းနဲ့ မိုနေးတို့ လေယာဉ်အတူတူစီးပြီး A နိုင်ငံကို ထွက်သွားတာက Hot Search အဖြစ်
တက်နေသည်။

မနက်မိုးလင်းလို့အလုပ်ရောက်တာနဲ့ ဒီ Hot search ကိုမြင်နေရတာ စေမိုရ့်အတွက်အဆင်မပြေပါ။ Comment တွေလည်းဖတ်ချင်
မနေတော့။ သူတို့၂ယောက်ကို လိုက်ဖက်တယ်လို့
ပြောထားတာတွေကလွဲ ဘာတွေ့မှာမဟုတ်။
တကယ်ဆို ဦးဇွဲက U Production နဲ့ ပူးပေါင်းဖို့သွားဆွေးနွေးတာဖြစ်ပြီး မိုနေးက Brand တခု အတွက် Photo သွားရိုက်တာ။

သွားတဲ့နေရာက လားလားမှမတူတာကိုမှ သတင်းတွေကလည်း လူပြောများရင်ပြီးရော ကြမ်းပိုးကို
လိပ်ဖြစ်အောင်ရေးတတ်ကြသည်။ စေမ်ုရ်ကတော့
အလုပ်တွေ မြန်မြန် လက်စသတ်ချင်နေပြီ။ ညကျရင် လေဆိပ်ဆင်းရမှာမို့ နောက်ကျလို့ကမဖြစ်။ စာရင်း
တွေကို မြန်လည်းမြန် သေလည်းသေချာ
အောင်လို့ အထပ်ထပ်ပြန်စစ်ပြီးမှ စာရင်းတင်
လိုက်တော့တယ်။

💘💘💘💘💘💘💘

တဖက်က ဟိုတယ်မှာလည်း ဇွဲက U production နဲ့
ပေါင်းပြီးတော့ ရုပ်ရှင်ထုတ်လုပ်ဖို့အတွက် အကျေ
အလည် ဆွေးနွေးနေရသည်။ U production
ကိုယ်စားလှယ်ကနေ

“ဒါဆို မစ္စတာ Samuel ကမ်းလှမ်းလာတာကို
ကျွန်တော်တို့ စဉ်းစားပေးပါ့မယ်...”

ဒါကြောင့် ဇွဲလည်း အလိုက်သင့်ပြုံးပြရင်း

“ကျေးဇူးတင်ပါတယ်မစ္စတာLambert...
ကျွန်တော်တို့ရုံးခွဲက နောက်၃ရက်နေရင် ပါတီကျင်းပမှာ မို့လို့ မစ္စတာLambertတို့ကို ဖိတ်ခေါ်ချင်ပါတယ်... ကျိန်းသေတက်ရောက်ပေးပါ...”
ဆိုပြီး ဇွဲလည်း ခပ်ပြုံးပြုံးလေးပြောလိုက်သည်။

“ဒါပေါ့ တက်ရောက်ရမှာပေါ့... ဖိတ်ခေါ်လို့ကျေးဇူးတင်ပါတယ်...”

U Production ကကိုယ်စားလှယ်ပြန်သွားတော့ ဇွဲလည်း ခေါင်းတော်တော်ကိုက်နေခဲ့ပြီ။ ဒီလို ခေါင်းကိုက်ရင် စေမိုရ်ဖျော်ပေးတဲ့ သံပုရာရည်
သောက်လိုက်ရင် သက်သာသွားသည်။ အဲဒါနဲ့
စာပို့မိသွားရဲ့။

My Naughty Son's Daddy[Complete]Where stories live. Discover now