Part 22 💘

34K 2.6K 93
                                    

Zawgyi..

ကွန်ဒိုကိုရောက်တော့ ဇွဲ ချက်ချင်းပင် ဓာတ်လှေကား
ခလုတ်ကို နှိပ်နေသည်။ ဓာတ်လှေကားက
ရောက်မလာနိုင်လေလေ ဇွဲစိတ်မရှည်လေလေ
ထပ်ခါထပ်ခါ နှိပ်နေမိတယ်။ ခဏနေတော့
ဓာတ်လှေကား ရောက်လာတာနဲ့ ဇွဲ
တက်လာလိုက်တယ်။

အခန်းရှေ့ရောက်တော့ လူခေါ်ဘဲလ်နှိပ်
ပေမယ့် ဘာမှမထူးခြား။ အဲဒါနဲ့ တဒုန်းဒုန်းနဲ့
ရိုက်နေလိုက်သည်။ ထိုချိန်ကလစ်ဆိုတဲ့ အသံနဲ့အတူ

"ဟင် ဦး ဘယ်တုန်းကပြန်ရောက်..."

ခွပ်!! မိုနေးမျက်နှာတည့်တည့်ကို ဇွဲ ထိုးပစ်လိုက်သည်။
ပစ်လဲကျသွားတဲ့ မိုနေးက မယုံနိုင်ခြင်းများစွာနဲ့ပင်

"ဦး ဘာလုပ်တာလဲ...ကျွန်တော်ဘာလုပ်မိလို့လဲ..."

ဇွဲဘာမှ မပြောပဲ ၃ ၄ ဆင့်ဆက်ထိုးနေမိသည်။
မိုနေးကတော့ အောက်ကနေ မရှုမလှ အထိုးခံ
နေရသည်။ သူ့မန်နေဂျာသာနောက်ကနေ ဇွဲကို
လှမ်းမဆွဲရင် ထိုနေရာမှာတင် သေသွားလောက်ပြီ။
မိုနေး အင်္ကျီကော်လံကို ဆောင့်ဆွဲလို့

"မင်းငယ်ငယ်လေးနဲ့ စောက်ရမ်းတွေ တော်နေတယ်လားဟမ်...ငါ့ကို ဆေးသမားလိုအထင်မှားအောင်
လုပ်ရတာပျော်လား..ပြောလေ...ငါကတော့ ညီငယ်
လေးလို ဂရုစိုက်ပေးခဲ့တာ ငါပြန်ရခဲ့တာ ဒါလား.."

" ဦး ဘာတွေပြော..."

"စောက်ပါးစပ်က ဘာအလိမ်အညာမှ ထွက်မလာနဲ့ ...
မြတ်သဒ္ဒါဖြူမိဘတွေဆီ မင်းဘာတွေပြောခဲ့လဲ
ငါမသိဘူး ထင်နေတာလား.."

"အဟားးဟားး အခုမှသိသွားတာလား..
ခင်များကို ဘယ်သူကအစ်ကိုလို သဘောထားနေလို့လဲ..
အခုသိတော့ရော ခင်များက နောက်ပြန်လှည့်မရတော့ဘူး...နောက်ဆုံး ကျွန်တော်ပဲ ရှိတော့တာ..ခင်များကို
မြတ်သဒ္ဒါဖြူရော စေမိုရ်ရောက အမုန်းကြီး
မုန်းနေပြီလေ...ဟားးဟားးး...."

ဇွဲမုန်းလွန်းလို့ ဓားနဲ့သာထိုးသတ်ချင်တော့သည်။
ဒီကောင်လေးက စေမိုရ်နဲ့ဆို အသက်တူတူပင်။
ဇွဲထက် ၁၁ နှစ်ငယ်သည်။ ဒါပေမယ့် အဲဒီကိစ္စတွေ
ဖြစ်သွားတုန်းက ဇွဲက ၂၂ သူက ၁၁ နှစ်။ ၁၁နှစ်သားက
ဘယ်လိုတောင် အလိမ်အညာတွေကို အကြောက်အလန့်
မရှိပြောနိုင်ရတာလဲ။

My Naughty Son's Daddy[Complete]Where stories live. Discover now