Part 21 💘

34.8K 2.9K 165
                                    

Zawgyi....

စေမိုရ်လည်း ဆေးရုံမှာခဏနားနေတုန်း အေဗာ
က ဖုန်းခေါ်လာသည်။

"ဟဲလို စေမိုရ်...Lucky လေးက အိမ်ပြန်လာချင်ပြီတဲ့..."

"စိတ်မရှိပါနဲ့ အေဗာရေ..ကျွန်တော်အခုဆေးရုံတက်နေရလို့..သူ့ကို ခေါ်မထားနိုင်သေးဘူး...
ပြောရရင် ဗီဗီရာနဲ့ တပွဲတလမ်းနွှဲရဦး
မယ်...ဒါကြောင့် အေဗာ့ဆီမှာထားတာ စိတ်
အချရဆုံးမို့ ခဏခေါ်ထားပေးပါလား...."

"ဘယ်လို ဆေးရုံတက်နေရတယ်...ဗီဗီရာနဲ့ပါ
ထိပ်တိုက်တွေ့မယ်ပေါ့...စေမိုရ် မလုပ်သင့်
ဘူးနော်...စေမိုရ်ပဲ ပြန်ထိခိုက်မှာ..."

"အခုမှနောက်ဆုတ်လို့မရတော့ဘူး အေဗာ..
တကယ်လို့ အေဗာခေါ်ထားရမှာအဆင်မပြေဘူးဆို
Sam ဆီပို့ထားလိုက်ပါ့မယ်..."

"မဟုတ်တာ ရပါတယ် အေဗာကြည့်ပေးပါ့မယ်...စီစီ
လည်းရှိတော့ သူတို့ ကစားဖော်ရတာပေါ့...
Lucky လေးက စကားပြောချင်လို့တဲ့..."

"ဟဲရို ပါပါး...သားကို လာခေါ်ပါတော့...
သားပြန်လာချင်ပြီ..."

"အဲဒီတုန်းက သားအရမ်းသွားချင်နေလို့ ပါပါး
ထည့်ပေးလိုက်တာလေ...အခုတော့ပြန်မလာနဲ့ဦး...
အချိန်တန်ရင် ပါပါး ပြန်ခေါ်မယ်...သားဆုံးဖြတ်ချက်
တခုချပြီးတိုင်း တာဝန်လည်းယူတတ်ရမယ်...ကတိလည်း တည်တတ်ရမယ်.."

"အဟင့် ဒါပေမယ့် ပါပါးကို
အရမ်း လွမ်းနေလို့ပါ...အဟင့်..."

"ပါပါးလည်း လွမ်းပါတယ်..ဒါပေမယ့် သား
သည်းခံပြီးစောင့်ဆိုင်းတတ်ရမယ်လေ...
ပါပါးက တချိန်လုံး သားစိတ်တိုင်းကျ လာခေါ်လိုက်
ပြန်ပို့လိုက်မလုပ်နိုင်ဘူး...အခုတော့ ခဏနေလိုက်ဦး...
စီစီနဲ့အဝဆော့ဦး...."

"အဟင့်..ပါပါးကို မုန်းတယ်..ပါပါးက Lucky ကို
မချစ်တော့ဘူး...Lucky ကတော့ ပါပါးကိုလွမ်းလို့
ညတောင်အိပ်မပျော်တာကို ပါပါးက လာမခေါ်ဘူး..."

ပြောလည်းပြော ငိုနေလို့ စေမိုရ်ဗိုက်ထဲက နာရတဲ့ကြားထဲ သူ့ငိုသံကြောင့် ရင်ထဲတောင်နာသွားတယ်။
ဒါပေမယ့် မတတ်နိုင် သူများအိမ်ကို လွယ်လွယ်နဲ့
လိုက်ပြီးမှတော့ လွယ်လွယ်ပြန်ခေါ်စရာ
အကြောင်းမရှိ။ ဒီတခါကိစ္စနဲ့ တခါတည်း
မလုပ်ခင်တွေးတတ်တဲ့ အကျင့်ရှိအောင်
သင်ပေးရမည်။ မဟုတ်ရင် သူ့အဖေလိုလုပ်ချင်ရာလုပ်
စိတ်ထင်ရာလုပ်ပြီး တာဝန်မယူ တာဝန်မသိတတ်တဲ့
သူမျိုးမဖြစ်စေချင်။

My Naughty Son's Daddy[Complete]Where stories live. Discover now