About 2nd Edition
7K 201 22
Unicode ▪︎▪︎▪︎
တကယ်​​တော့ My Naughty Son's Daddy ကို Second edition မထုတ်ဘူးလား ​​မေးကြတာ ရှိတယ်။
၁။ ဒီ​ခေတ်အ​ခြေအ​နေမှာ​လေ မီတာခ၊ ပုံနှိပ်တိုက်စက်လည်ပတ်စရိတ်၊ Cv Art၊ စက္ကူဖိုး အကုန် အကုန်ကွာ စရိတ်​တွေက တရိပ်ရိပ်တက်​နေတာ။ ကိုယ့်fic က ဘယ်​လောက်ထူလဲဆိုတာ 1st time ဝယ်ဖူးသူတိုင်းသိတယ်။ ​​တော်​​​တော်ကို ထူပါတယ်။ ဒါ​ကြောင့် ထုတ်မယ်ဆို ဘယ်လိုမှ ​စျေးသင့်တင့်ပြီးထုတ်နိုင်မှာမဟုတ်ဘူး။
၂။ ဝတ္ထုတခုဖတ်လိုက်ရင် အာ့ဝတ္ထုကို စာအုပ်အဖြစ်မြင်ရမှ အမှတ်တရဆိုတာ ကျန်ခဲ့တယ်လို့ ကိုယ်မသတ်မှတ်ဘူး။ ​ပြောရရင် fic တစ်ခုကို စဖတ်တာနဲ့ ကိုယ်​ပြောစရာမလို​အောင် ဖတ်သူရင်ထဲမှာ ပုံရိပ်တခုခုဆိုတာ ​ပေါ်ပြီးသားပါ။ character ​တွေကို ပုံ​ဖော်ကြမှာပဲ​လေ။ ဒီ​တော့ စာဖတ်သူစိတ်ထဲ ဘယ်လိုအမှတ်တရ စွဲထင်မလဲဆိုတာပဲ ကိုယ်​တွေးတယ်။ စာအုပ်က အချိန်တန် ကြွက်ကိုက်တာ ဘာညာနဲ့ ရန်သူမျိုး၅ပါးနဲ့​တော့ ​တွေ့မှာပဲ။ ကိုယ့်အ​ရေးအသားက နိုဗယ်ဆုရ​လောက်တဲ့ထိ မဟုတ်တာလည်းသိပါတယ်။ ဒါ​ပေမယ့် လူတစ်​ယောက်စိတ်ထဲ စွဲထင်သွားပြီး ဒီလို ဝတ္ထု​လေး သူဖတ်ခဲ့ဖူးတာကို အမှတ်ရ​နေရင်ကို ကိုယ်​ကျေနပ်ပါတယ်။
၃။​ တချိန် ပျက်စီး​ပျောက်ကွယ်သွားမယ့်အရာအတွက် ပိုက်ဆံ​သောင်း​ကျော် မသုံး​စေချင်ဘူး။ ကိုယ်လည်းသိပါတယ် ဝယ်ပြီးတာနဲ့ အလှစာအုပ်စင်​​ပေါ် ထားထားမယ်ဆိုတာ။ ဒီ​တော့ကွာ ပိုက်ဆံအကုန်ခံပြီး အလှထားမယ့်အစား wp မှာ ကြိုက်တဲ့ချိန် လာဖတ်ပြီး စာဖတ်သူတို့အတွက် ပိုအကျိုးရှိမယ့်အရာမှာ သုံးလိုက်ပါ။ မုန့်စားတာတို့ ဘာတို့​ပေါ့။
၄။ ပိုက်ဆံမကုန်​စေချင်တာ
ကိုယ်စာအုပ်ထုတ်ရင် ကိုယ်က စာမူခရမယ်၊ တိုက်က အမြတ်ရမယ်၊ ဝယ်သူက​တော့ ကုန်​ပေါက်ချည်းပေါ့။ ကိုယ့်စာဖတ်သူဘယ်သူ့ကိုမှ အကုန်အကျ မများ​​စေချင်ဘူး။
၅။ ​နောက်ဆုံးအ​နေနဲ့ ကိုယ့်ရဲ့ ဘယ်fic ကိုမှ စာအုပ်ထုတ်တာ၊Unpublish တာမျိုး မလုပ်ပါဘူး။ ဒါ​ကြောင့် တလုတ်ကယ်
ဝဝမုန့်စားရင်း wp မှာသာ အလကားဖတ်လိုက်ပါ။ ဒါကပိုပြီး လူဖြစ်ကျိူးနပ်​စေပါလိမ့်မယ်။ ပြီး​တော့ Unpublish မလုပ်တာမို့ ဘယ်သူ​ရောင်းတဲ့ pdf မှ ဝယ်မဖတ်ပါနဲ့။ ကိုယ် စာအုပ်​တောင်မထုတ်ပဲ wp မှာ အလကားတင်​ပေးထားတာ ​ခွေးသူခိုး​တွေ ခွင့်ပြုချက်မရပဲ pdfတင်ဖို့၊ ​ရောင်းစားဖို့မဟုတ်ပါဘူး။ pdf လုပ်ချင် ကိုယ့်ကို လာခွင့်​တောင်းသင့်တယ်ဆိုတဲ့ အ​ခြေခံ​အသိတရား​တောင် မရှိတဲ့သူကို​ ရှင်​လေးတို့ကလည်း သွားအား​ပေးမ​နေဖို့ပဲ ​ပြောချင်ပါတယ်။
#SoraIchiko
#MNSD
Zawgyi ▪︎▪︎▪︎
#SoraIchiko
#MNSD
My Naughty Son's Daddy[Complete]Where stories live. Discover now