Part 24 💘

32.4K 2.6K 103
                                    

Zawgyi..

မေသူဝင်လာတော့ ကုတင်ပေါ်ကနေ ထထိုင်ပြီးအင်္ကျီ
လဲဝတ်ဖို့ပြင်နေတဲ့ စေမိုရ့်ကို တွေ့လိုက်ရသည်။

"စေမိုရ် ဘယ်သွားမလို့လဲ ဒဏ်ရာကလုံးဝ
မကျက်သေးဘူးလေ..."

"သားသား ပျောက်သွားတယ်တဲ့...ဒုက္ခပါပဲ..
အဟီးးကျွန်တော့်ကြောင့်ပါ ကျွန်တော်
မကောင်းတာ...."

ငိုကြီးချက်မနဲ့ ထထွက်မလိုဖြစ်နေတဲ့ စေမိုရ်ကို
မေသူမနည်းဆွဲနေရသည်။

"ခဏလေးနေပါဦး...ဒီလိုကြီးကောက်ထွက်မသွားနဲ့လေ...အရင်ဆုံးရဲတိုင်ရအောင် ဟုတ်ပြီလား.."

"ဟုတ်တယ် ရဲတိုင်ရမယ်...
ဒါပေမယ့်..."

စေမိုရ် ရဲတွေကိုတောင် မယုံနိုင်တော့ပါ။
သူတို့က ဗီဗီရာလူတွေဖြစ်နေရင်ဘယ်လို လုပ်မလဲ။
ပျောက်နေတာသိသွားလို့ စေမိုရ့်ထက်
လက်ဦးသွားရင်ရော။ အရင်ကတော့ ခေါင်းအေးအေးထားနိုင်သမျှ အခုတော့ ဘာလုပ်ရမယ်မှန်းမသိတော့။
ပူထူပြီးဘာကိုမှ မတွေးခေါ်နိုင်တော့။

မေသူဆီကနေ ဖုန်းရတာနဲ့ တဖက်မှာ ဇွဲကလည်း
ဖင်ဂနာမငြိမ်တော့ပေ။ အစည်းအဝေးလုပ်နေတုန်း
ဖုန်းလာပြီး ဝုန်းကနဲထရပ်တဲ့ ဇွဲကြောင့်
ရှယ်ယာရှင်တွေပါ ကြောင်ကုန်သည်။
ချက်ချင်း ဟိုနိုင်ငံကိုပြေးသွားလိုက်ချင်သည်။
နောက်ဆုံးတော့ မေသူကနေတဆင့် ရှာဖို့အတွက်
လူတွေလွှတ်လိုက်ရသည်။

စေမိုရ်ကလည်း ဗိုက်ကချုပ်ရိုးကို အုပ်ကိုင်ရင်း
တလမ်းဝင်တလမ်းထွက် ရှိလောက်မယ့် နေရာတွေကို လိုက်ရှာနေမိသည်။ နေပူလာတာနဲ့အမျှ စိတ်ကပါ
ပူတက်လာခဲ့ပြီ။ ဘယ်နေရာသွားလောက်ပဲ
တွေးပေမယ့်ဘာမှ ထွက်မလာခဲ့။ မျက်ရည်တွေသာ
ကျနေမိတော့တယ်။

"သားရယ် ပါပါးတောင်းပန်ပါတယ်..."

💘💘💘💘💘💘💘💘💘

၎နှစ်အရွယ်ကလေးလေးတစ်ယောက်ကတော့
ကုတင်ပေါ်ငုတ်တုတ်လေးထိုင်ရင်း သူ့ဘေးကုတင်မှာ
အိပ်နေတဲ့ စီစီ့ကို ကြည့်နေသည်။

"စီစီက အရမ်းကံကောင်းတယ်..Lucky လေး
ကိုလေ ပါပါးက မချစ်တော့ဘူးသိလား..ပါပါးပစ်သွားပြီ..
အဟီးးးဟင့်....ပါပါးကိုမုန်းတယ်...ပါပါးကို မချစ်တော့ဘူး..."

My Naughty Son's Daddy[Complete]Where stories live. Discover now